fattyNovember 5, 20112min23712
ဒီကနေ့ ရန်ကုန်ထဲနေရတာမွန်းကြပ်လွန်းလို့ တညင်ဘက်ထွက်ခဲ့တယ် .။ မနကိပိုင်း ရန်ကုန်မှာရောင်းကောင်းလှတဲ့ LUCKY-7 လက်ဘက်ရည်ဆိုင်မှာခဏထိုင်ပြီး ဘာလို့ဒီလောက်ရောင်းကောင်း ရတာလဲ အဖြေရှာကြည့်တယ် ..။ အဖြေကတော့ branded ဖြစ်လို့ပါဘဲ။ အစားအသောက်က ဒီလောက်ကြီးထူးခြားမှုမရှိပါဘူး။ ပြီးတော့ တညင်ဘက်ထွက်ခဲ့တယ်။ ဒီဘက်မှာ အမှတ်တရဖြစ်အောင် စာဆိုကြီးတွေ အုပ်ဂူကိုသွားပြီးရိုက်ခဲ့တယ်။ ဝန်ကြီးပဒေသရာဇာဂူက ကျိုက်ခေါက်ဘုရားရဲ့မြောက်ဘက် မှာရှိပါတယ်။ သစ်ပင်လေးတွေအုပ်အုပ်ဆိုင်းဆိုင်းနဲ့ လွမ်းတတ်သူဆိုရင်လွမ်းပေတော့ ……။ နတ်သျှင်နောင်ရဲ့ဂူကိုတော့ ကျိုက်ခေါက်ဘုရားမြောက်ဖက်မုဒ်ကနေ တက်သွားရင် ညာဖက်ဘေးမှာတွေ့နိုင်ပါတယ် ပြုပြင်ထိမ်းသိမ်းမှုတော့ မရှိပါဘူး ………………….။ နောက်ဆုံးပုံတော်ကတော့ဆံတော်ရှင် ကျိုက်ခေါက်စေတီတော်ပါ ….။