Mr. MarGaJanuary 4, 20131min24026
အထူး ဂုဏ်ယူ ဝမ်းမြောက်ခြင်း တာဝတိံသာ နတ်တို့ရွာနှင့် နတ်ပြည်ခြောက်ထပ် လူ့ဘုံရပ်ကိုပါ ပိုင်စိုးအုပ်ချုပ် လေထသော နာယကဂုဏ်ခြောက်ပါး၊ မင်းကျင့်တရား ဆယ်ပါးနှင့် ပြည့်စုံပေထသော ဝေဇယန္တာ၏ အရှင်သခင်၊ သာသနာ့ဒါယကာ နတ်ပြည်သမ္မတ အဂ္ဂမဟာ သရေစည်သူ အဂ္ဂမဟာ သီရိသုဓမ္မ ဝဏ္ဏကျော်ထင် သီရိပျံချီ အလင်္ကာကျော်စွာ အောင်ဆန်းသူရိယ ဦးမာဃအား ယနေ့ ကျရောက်သည့် ၆၅နှစ်မြောက် လွပ်လပ်ရေးနေ့တွင် နတ်ပြည်လွှတ်တော်၊ ဘွဲ့ထူးဂုဏ်ထူးများ ချီးမြင့်ရေးကော်မတီမှ နေမျိုးဗလကျော်သူ ဘွဲ့ကို ပေးအပ်ချီးမြင့်ကြောင်း သိရှိရသဖြင့် အထူးတလည် ဂုဏ်ယူ ဝမ်းမြောက်မိပါကြောင်း ဝေဇယန္တာမှ ဝန်ထမ်းများနှင့်၊ တာဝတိံသာမှ နတ်သားနတ်သမီးများ   အထူးတလည် ကျေးဇူးတင်လွှာ ယခုကဲ့သို့ ကျွန်တော် နတ်ပြည်သမ္မတ အဂ္ဂမဟာ သရေစည်သူ အဂ္ဂမဟာ သီရိသုဓမ္မ ဝဏ္ဏကျော်ထင် […]