နွယ်ပင်December 9, 20101min440
တရုတ်နယ်စပ် ကျယ်ဂေါင်မြို့ တက်ခန်းဟိုတည်အနီး ခိုးပေါက်မှ မူစယ်ဘက်သို့ ခြံစည်း ရိုးကျော်ဝင်လာသည့် အရပ်သား တစ်ဦးကို ဆင်ဖြူဂိတ်ရဲကင်းမှ ရဲအရာရှိ ဒုရဲအုပ် သန်းလှိုင်က တွေ့ရှိ ရှာဖွေနေစဉ် အဆိုပါ အရပ် သားက “ဓါးပြ ၊ ဓါးပြ” ဟု အော်ဟစ်ခဲ့ကြောင်း အာဏာပိုင်နှင့်နီးစပ်သူ တစ်ဦးက ပြောသည်။ “ရဲက အရပ်ဝတ်နဲ့ပေါ့ဗျာ တက်ခန်းခိုးပေါက်ကနေဝင်လာတဲ့ အရပ်သားရဲ့အိပ်ကို မွေနောက်ပြီးရှာတာပေါ့ အဲဒါ အရပ်သား က ဓါးပြ ဓါးပြဆိုပြီး အကူအညီတောင်းတာပေါ့ ရဲလည်းဘာလုပ်ရမှန်းမသိဘူးဖြစ်သွားတယ် ဖုန်း ဆက်ပြီး ဆင်ဖြူရဲကင်းကို အကူအညီတောင်းမှ ရဲတွေရောက်လာပြီး ဝိုင်းချုပ်ဖမ်းလိုက်တယ် ” ဟုလည်း သူက ဆိုသည်။ ရဲကို ဓါးပြအထင်ဖြင့် အော်ဟစ်ခဲ့သော အရပ်သားမှာ မူစယ်ရဲစခန်းအချုပ်တွင် ယနေ့အထိဖမ်းဆီး ခံထားရကြောင်း […]