ရွှေ ကြည်August 9, 20126min27832
ရွှေကြည်နယ်ကိုပြန်သွားရင်း ရွှေကြည်တို့နယ်ရဲ့ နယ်လုံးဆိုင်ရာစေတီတစ်ဆူကိုMGရွာထဲကရပ် ဆွေရပ်မျိုးတွေ၊ မောင်နှမတွေကိုဖူးစေချင်လို့ ရန်ကုန်ကိုအပြန်ခရီးမှာကတိုက်ကရိုက်ဝင်ပြီး ဓါတ်ပုံလေး တွေရိုက်ယူလာခဲ့ပါတယ်။ ရွှေကြည်ကိုမွေးဖွားရာဒေသဖြစ်တဲ့ကျီးသဲဆိုတဲ့တောမကျမြို့မမည် တောမြို့ လေးကိုသွားရာလမ်းမှာရွှေနတ်တောင်စေတီတည်ရှိပါတယ်။ ဝါဆိုလပြည့်နေ့ကနယ်ကိုပြန်သွားခဲ့ပြီး အဲဒီ နေ့မှာဝါဆိုပန်းခူးကြပုံ၊ ဝါဆိုပန်းကပ်ကြပုံတွေကိုမှတ်တမ်းတင်နိုင်ဖို့မျှော်လင့်ခဲ့ပေမယ့် တကယ်တမ်း မှာတော့မဝင်နိုင်ခဲ့ပါဘူး။ ရွှေကြည်တို့နယ်ဆိုပေမယ့် ရွှေကြည်တခါမှဝါဆိုပန်းခူးချိန်မှာ ရွှေနတ်တောင်ကို မရောက်ဖူးခဲ့ပါဘူး။ နယ်ဓလေ့မို့သာငယ်ငယ်ကတည်းက ကြားဖူးနားဝရှိခဲ့တာမို့ အခုအခေါက်တော့ဝင် လိုက်မယ် တခါတည်းမှတ်တမ်းလည်းယူမယ် စိတ်ကူးထားတာပေါ့။ ရွှေတောင်အထွက်လမ်းမှာကတည်းက ဆိုင်ကယ်တွေနဲ့ လူငယ်တွေအုပ်စုလိုက်တွေ့နေရတာတောက်လျှောက်ပါပဲ။ တချို့အုပ်စုတွေမှာကာင် မလေးတွေပါပါတယ်။ မနက်ခင်းဆိုရင်တော့ သာတောင့်သာယာရှိနိုင်ပေမယ့် နေ့လည်စောင်းရောက် နေပြီဆိုတော့ တချို့လူငယ်တွေသောက်စားထားတာတွေ့ရပါတယ်။ ပျော်တာလဲပျော်ကြတာဆိုပေမယ့် အခါကြီးနေ့ကြီးလည်းဖြစ်ပြန် မိန်းကလေး၊ယောက်ျားလေး လူငယ်တွေလာကြတာများတော့မဖြစ်သင့် တာတွေဖြစ်ကုန်မှာစိတ်ပူမိပါတယ်။ စကြနောက်ကြနဲ့လူငယ်တွေပျော်ကြတဲ့ အချိန်ဆိုပေမယ့် အပျော်တွေလွန်၊ စတာနောက်တာတွေလွန်ကုန်မှာစိုးရိမ်မိပါတယ်။ တောင်ခြေရောက်တော့လည်း ဆိုင်ကယ်အပ်တဲ့နေရာမှာ ဆိုင်ကယ်တွေအပြည့်၊ အစားအသောက်ရောင်းတဲ့ဆိုင်တွေမှာလည်း လူတွေ အပြည့် နောက်ပြီးယောက်ျားလေးတွေအတော်ကိုများပါတယ်။ ရွှေကြည်လည်းအဖော်မပါပဲဝင်ဖူးရမှာ မရဲ […]