Zaw WonnaJuly 27, 20101min20110
ကျနော်တို့ရဲ့ မသိစိတ်က ရင်းနှီးပြီးသား နာမည်တွေကို မှတ်သားထားပြီး စဉ်းစားလိုက်တာနဲ့ ချက်ခြင်း ထွက်လာအောင် ဆောင်ရွက်ပေးနိုင်ပါတယ်။ ကျနော်တို့ဟာ ကိုယ့်ရဲ့နာမည်ကို ဘယ်တော့မှ သိပ်စဉ်းစားနေရာ မလိုသလိုပေါ့။ ဒါပေမဲ့ သူများနာမည်တွေကိုတော့ ဆက်စပ်စဉ်းစားပြီး မှတ်မထားမိရင် အလွယ်တကူနဲ့ ပြန်မေ့နိုင်ပါတယ်။ သူများတွေရဲ့ နာမည်ကို မှတ်မိခြင်းဟာ လူမှုရေးနဲ့ စီးပွားရေးမှာ အလွန် အသုံးဝင်သလို အလွန်လည်း အရေးကြီးပါတယ်။ စီးပွားရေးအရ ဆက်ဆံနေရတဲ့ မိတ်ဆွေတွေနဲ့ မိမိရဲ့ဖောက်သည်တွေဟာ အရေးပေးဆက်ဆံတာကို ခံယူလိုကြတဲ့အတွက် နာမည်မေ့နေတတ်ခြင်းဟာ သူတို့ကို တန်ဘိုးမထားရာ ရောက်ပါတယ်။ နာမည်တွေကို မှတ်မိခြင်းအားဖြင့် တခါတရံမှာ ဖောက်သည်အဖြစ် မျှော်လင့်ချက်ရှိတဲ့ လူတစ်ယောက်ကနေ ဖောက်သည်ရင်းတစ်ယောက် ဖြစ်လာစေပါတယ်။ အများနဲ့ ပြိုင်ဆိုင်ပြီးလုပ်ရတဲ့ စီးပွားရေးလုပ်ငန်းတွေမှာ ကိုယ်နဲ့ဆက်ဆံနေတဲ့ လူတွေရဲ့နာမည်ကို မှတ်မိနေတတ်ခြင်းဟာ အလွန်အရေးပါပါတယ်။ လူတွေရဲ့ […]