ဆူးMay 16, 20111min1206
မြန်မာ့ရုပ်ရှင်ဆင်ဆာ (သို့မဟုတ်) (ရုပ်ရှင်၊ ဂီတ၊ စာပေ၊ သဘင်၊ ပန်းချီ၊ ပန်းပု) စီစစ်ရေးအဖွဲ့ဟုဆိုရာ၌ မြန်မာပြည်သူလူထုအတွက် မြန်မာ့ယဉ်ကျေးမှုနှင့် မကိုက်ညီသော လျှပ်ပေါ်လော်လီဝတ်စားဆင်ယင်မှု၊ အမျိုးသားယဉ်ကျေးမှုကိုထိခိုက်စေမည့်ဝတ်ဆင်မှု၊ ယုတ်ရင်းကြမ်းတမ်းသောပြောဆိုမှု၊ အမိအဖ/သားသမီးမိသားစုများကြည့်ရှုရန် မသင့်လျော်သောပြကွက်များ၊ အမှုအရာများ၊ ကြောက်မက်ဖွယ်ရာရက်စက်မှုပြကွက်များ၊ ဘာသာသာသနာကိုထိခိုက်စော်ကားမှု ဖြစ်ပေါ်သောအပြုအမူ၊ အသုံးအနှုန်း၊ အပြောအဆိုများ၊ အမျိုးသားရေးကိုထိခိုက်စေမည့်ပြကွက်၊ ပြောဆိုအမူအရာများ၊ အမျိုးသားရေးကိုလှုံ့ဆော်/ပုန်ကန်မှုကို ဖြစ်စေသောပြကွက်များ. . . စသည်စသည်တို့ကိုအများပြည်သူတို့အားမပြသသင့်၍ ပိတ်ပင်တားဆီးကန့်သတ်သတိပေးရသောအဖွဲ့အစည်းတစ်ရပ်ဖြစ်ကြောင်းဟုကျွန်တော်နားလည်မိပါသည်။ ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်) ဘဘဦးသုခမျိုးစေ့ချပေးခဲ့သောနာရေးကူညီမှုအသင်း(ရန်ကုန်) အများပြည်သူတို့ကို (အခမဲ့) ကူညီဖေးမပေးနေသောနာရေးကူညီမှုအသင်း(ရန်ကုန်) လူသားချင်းစာနာစိတ်ထား၍ ကူညီပေးဆပ်နေသောနာရေးကူညီမှုအသင်း(ရန်ကုန်)၏ လှုပ်ရှားပေးဆပ်မှုများ၊ ကူညီဆောင်ရွက်ပေးမှုများပါရှိသောဗီဒီယို (DVD) အချပ်များကို (ကန့်သတ်) ဟုရေးသားရိုက်နှိပ်ကာအလှူရှင်များ၏ လှူဒါန်းမှုအစုစုတို့ကိုကျေးဇူးတင်သည့် အနေဖြင့်၎င်း၊ မုဒိတာပွားများနိုင်ရန်၎င်း၊ မြန်မာ့ယဉ်ကျေးမှု ဘာသာသာသနာကိုဦးထိပ်ထား၍၎င်း၊ လူငယ်များလူမှုရေးလုပ်ငန်းများ၊ လူသားချင်းစာနာစိတ်များ မွေးဖွားပေါ်ပေါက်လာစေရန်၎င်း ရည်ရွယ်ကာအလှူရှင်များအတွက် (အခမဲ့) […]