“နား” ဆိုတော့ ဘယ်လို “နား” လဲ ဆိုတော့ကာ … “နားနားနေနေ” ဆိုတဲ့ နားကို ဆိုလိုတာ မဟုတ်ပါဘူး။ “ဟိုနားဒီနား” ဆိုတဲ့ နေရာဒေသပြ နားကိုလည်း ဆိုလိုတာ မဟုတ်ပါဘူး။ ကျုပ်တို့ ခန္ဓာကိုယ် အထက်ပိုင်းမှာ ဟိုဘက်ဒီဘက် နှစ်ဘက်ညှပ်ပြီး ပါနေတဲ့ နားကို ဆိုလိုတာပါ။ အင်္ဂလိပ်လို “Ear” ၊ မြန်မာလို “နား” … အဲ့ဒါ .. အဲ့ဒါ ….။ ဒီ “နား” ဟာ ဘယ်လောက်ထိ အရေးပါသလဲ ဆိုတာတော့ ပြောဖို့လိုပါဘူးနော့။ ငှက်ငယ်လေးတွေရဲ့ ကျလိ ကျလိ အော်မြည်သံလေးတွေကို ဒီနားရှိမှ ကြားနိုင်တယ် ခင်ဗျ။ အချစ်ဆုံးလေးတွေရဲ့ ပုကျိ ပုကျိ အသံလေးတွေကိုလည်း ဒီနားရှိမှ […]