manawphyulayFebruary 8, 20122min802
နားခိုချွေးသိပ် ဆည်းဆာရိပ် ဆည်းဆာကညို အဘွားအို ငိုပါနဲ့ အားတင်းပါကွဲ့။ ညနေချိန်ဆို အဘိုးအို ပျိုချိန်ငဲ့ တမ်းတပါရဲ့။ အဘိုးနဲ့ အဘွားအို ပျိုချိန်ကို မျှော်ကာတမ်းလို့ လွမ်းပါနဲ့ဗျို။ ပျိုစဉ်က ဟန်မာန်ပို ကြံဖန်ကာ လှုပ်ရှား ကြင်ဖက်ပါ သားနဲ့သမီးတွက် သွက်တဲ့လုပ်အား။ ဝဋ်ကြွေးရယ် ရှောင်မရလို့ ကြုံကြတဲ့ ကံကြမ္မာ ဆိုးချက်ကနာ။ သမီး သား ကြင်ဖက်ပါ ဝဋ်ကြမ္မာဖယ်ရှား။ ဇရာအို ကံတရားက ဆိုးလှချည်လား။ နေဝင်ချိန် အရွယ်မှည့် တွယ်ရာမဲ့ ဘိုးဘွားအို စိတ်ပျက်နဲ့ဗျို။ သဒ္ဓါတရား ပိုမို ကုသိုလ်က ဆပွား ဆည်းဆာဆို ဒီအရိပ်မှာ ချွေးသိပ်ပါလား။ လက်ယာ(မေတ္တာတံခွန်) ဒီအဘိုးက ဇာတ်သဘင်လောကက ဇာတ်မင်းသား ဦးဗျာကစိန်လို့ပြောပါတယ်။ ခုက ဖျားနေတယ် သူက နေကောင်းနေရင် […]