etoneDecember 21, 20101min770
a joke from Rangoon မြန်မာနိုင်ငံရှိ ပုဂ္ဂလိက အရောင်း စင်တာတစ်ခုတွင် ဖြစ်သည်…။ လုံခြုံရေးဝန်ထမ်း တဦးက စတိုးဆိုင်ပိုင်ရှင် သူဌေးနှင့်အတူ ဓာတ်လှေခါးထဲတွင် မီးပျက်၍ ပိတ်မိနေ၏။ အလုပ်သိမ်းချိန် နောက်ဆုံး ပြန်သူများဖြစ်သောကြောင့် မည်သူ့ကိုမှ အကူအညီတောင်းရန် မလွယ်ကူပေ။ နောက်ရက်မှစ၍ အရောင်းစင်တာ တခုလုံး သီတင်းကျွတ် ၅ရက် ပိတ်မည် ဖြစ်သောကြောင့် နောက်နေ့များတွင်လည်း မည်သူမျှ ရှိမည် မဟုတ်။ ဓာတ်လှေခါးထဲမှ အရေးပေါ်ခလုတ်ကို နှိပ်သော်လည်း အလုပ်မလုပ်သဖြင့် စိတ်ဓာတ်ကျသွား၏။ ဤအခြေအနေတွင် အောက်စီဂျင် အခဲအခက်ကြောင့် ၂ ရက် ၃ ရက်လောက်ကြာလျှင် အသက်ပါ သေဆုံးနိုင်သည့် အခြေအနေနှင့် ရင်ဆိုင်နေရသည်။ ၂ ယောက်စလုံး မထင်မှတ်ဘဲ လတ်တလော ဖြစ်ပွားခဲ့သော ချီလီနိုင်ငံ […]