ကျေးဇူးတရားဆိုတာကိုနားလည်ပေမယ့် မေ့ရော့မူတွေကရှိနေတတ်ပါတယ်။ပထမဦးဆုံးကျေးဇူးတင်ထိုက်သူ မိဘပေါ့ဗျာ၊ဒါမှမဟုတ်ရင်မိမိအားကျွေးမွေးစောင့်ရှောက်သူ၊နောက်ဆရာသမား သင်ဆရာ၊မြင်ဆရာ၊ကြားဆရာ ကျနော့်အတွက်တော့ စာရေးဆရာတွေလဲပါတယ်ပေါ့ဗျာ၊ဒါပေမယ့် တစ်ချို့က အဲဒီကျေးဇူးရှိဘူးသူ၊မိမိရဲ့ ဆရာသမားတွေကိုမိမိအောင်မြင်မူရပြီးချိန်မှာတော့ မေ့နေတတ်ပါတယ်။ဒီအကြောင်းအရာနဲ့ပက်သက်ပြီး ပထမဦးစွာတောင်းပန်ချင်တာကတော့ ဒီပိုစ့်ထဲမှာပါတဲ့ ကာယကံရှင်ကို ပုတ်ခတ်လိုစိတ်နဲ့ရေးသားတာမဟုတ်ရပါဘူး၊အသိတရားတစ်ခုအတွက်သာ အကြောင်းခံရေးသားခြင်းဖြစ်ပါတယ်။ အကြောင်းကဒီလိုပါ…လွန်ခဲ့သောသုံးလေးလလောက်က ဖတ်မိခဲ့တဲ့အကြောင်းလေးပါ၊ရုပ်ရှင်သရုပ်ဆောင်နေတိုးက အကယ်ဒမီဆုပေးပွဲမှာ ကျေးဇူးတင်စကားပြောကြားရာတွင် သူ၏လက်ဦးဆရာများဖြစ်သော ဂျော်လီဆွေ၏သားများကို ဆရာသမားများအနေနဲ့ကျေးဇူးတင်ကြောင်းပြောကြားဖို့မေ့သွားခဲ့တယ်လိုဆိုပါတယ်။ကာယကံရှင်က သူတကယ်ပဲမေ့သွားတာပါလို့တောင်းပန်ခဲ့ပေမယ့် ခံစားရတဲ့သူကတော့ ဝမ်းနည်းလို့မဆုံးပါဘူး၊ဒီအကြောင်းကို မြန်မာပြည်က စာနယ်ဇင်းတွေထဲမှာမတွေ့ရပေမယ့် ပြည်ပကစာနယ်ဇင်းတွေမှာပဲဖတ်လိုက်ရတယ်။တကယ်တော့ အဲဒီကျေးဇူးဆိုတဲ့စကားလုံးလေးကို ထုတ်ဖေါ်ပြောဖို့ဝင်လေးနေရင်မိမိရဲ့ ဘဝအောင်မြင်မူတွေအတွက်ဘယ်လောက်အရေးပါတယ်ဆိုတာ သိသင့်တယ်လို့ထင်ပါတယ်။ မိဘရဲ့ကျေးဇူးမည်မျှကြီးမားကြောင်းကိုတော့စာဖွဲ့မနေတော့ပါဘူး၊ဆရာသမားတွေရဲ့ဂုဏ်ကျေးဇူးကလည်းပြော၍ပြင်ကုန်နိုင်ပါဘူး့၊ငယ်စဉ်က မူလတန်းပြဆရာ၊ဆရာမများကိုတောင် မေ့ပျောက်ဖို့မသင့်ပါဘူး၊ယနေ့ စာပေလောကမှာရော သက်ရှိထင်ရှားရှိတဲ့သူတွေ၊ဆုံးပါးသွားကြသူတွေရော ွအားလုံးရဲ့ကျေးဇူးတရားတွေဟာ အင်မတန်ကြီးမားလှပါတယ်။သူတို့တွေ ရေးသားပြုစုထားတာတွေကို ကျနော်တို့က အစဉ်သင့်လေးစားသုံးလို့ရနေလိုပါပဲ။ လောကမှာကျေးဇူးသိဖို့၊ကျေးဇူးတရားနားလည်သဘောပေါက်ဖို့ အင်မန်အရေးကြီးပါတယ်လို့ထင်မိပါတယ်။ဆရာကြီးဦးဘိုသင်း ဒုတိယပါမောက္ခချုပ်(ငြိမ်း)ရန်ကုန်ပညာရေးတက္ကသိုလ်က ကျေးဇူး ဆိုသောစကားအသုံးနှုန်းသည် ပုဂံခေတ်မြန်မာစာပေ အရေးအသားမှ စတင်အသုံးများကြောင်းကို အထောက်အထားနှင့် ရှိနေသည်ဟုဆိုပါသည်။ ပုဂံခေတ် ရာဇကုမာရ်ကျောက်စာ၌ ထိုကျေးဇူးဆိုသော […]