ကာရံDecember 3, 20121min14314
စစ်မြေပြင်မှာ အချစ်ရေစဉ်တိုက်ကျွေးရမှာလား ပစ်လွှတ်လိုက်တဲ့ ကျည်ဆံတွေကြားမှာ မင်းရဲ့ ရင်ခုန်သံမသာယာတာတော့ အမှန်ဘဲလေ အကျည်းတန်ဆန်တဲ့ စစ်ပွဲတွေကြောင့် မေတ္တာတွေလဲ အရောင်ပြောင်းကုန်ပြီနော် အရှုံးကြောင့် အမုန်းဆိုတာစတင်လာခြင်းလား အငြိုးကြောင့် အပြုံးတွေလဲပျောက်ကွယ်ရခြင်းလား အနိုင်လိုချင်တဲ့မင်းရဲ့စိတ်ကတော့ ဘယ်တော့မှ ထိန်းမရတဲ့ မိုင်းတစ်လုံးအလား စနက်တန်ဖြုတ်ပြီးမှ ပြန်တက်ဖို့မလွယ်ကူတဲ့ မင်းရဲ့ အတ္တ မာနတွေအောက်မှာ အခုတော့ အပြစ်မဲ့တဲ့နှလုံးသားတွေလဲ အပြုံးများပျောက်ကွယ်ကုန်ကျပြီနော် ရင်ခွင်မဲ့တော့မဲ့ သူတွေရဲ့လက်ထဲမှာတော့ အမှောင်ပျိုးတော့မယ့် အလင်းပမာ ချစ်ခြင်းတရားတွေလဲ အနောက်အရပ်လို့ လျှိုးကွယ်ကြကုန်ပြီ ကြည့်စမ်းပါဦး ဒီတစ်ညတော့ ကြယ်တွေလဲပျောက် လမင်းလည်းပျောက် အော် ချစ်ခြင်း မုန်းခြင်း ပူဆွေးခြင်းတွေသာ အနားသို့ ရောက်လာရပြီဘဲလေ ပိတောက်မိုး