Yin Nyine NwayAugust 28, 20101min662
ကြောင်ကလေး တစ်ကောင်ဟာ တစ်နေ့ထက်တစ်နေ့ ကြီးပြင်းလာခဲ့တယ်။ တစ်နေ့မှာ ကြောင်မေမေက ကြောင်ကလေးကို ခေါ်ပြီး “သား ကြီးပြင်းလာပြီနော်.. နောက် ၃ ရက်ကြာရင် မေမေရဲ့နို့ကို သားမစို့ရတော့ဘူး။ ကိုယ်တိုင် အစာသွားရှာရမယ်” လို့ မှာတယ်။ ကြောင်မေမေ စကားကြားတော့ ကြောင်ကလေးက အထိတ်တလန့် ” မေမေ ဘယ်လိုအစာမျိုးကို သားရှာရမလဲ?” လို့ မေးတယ်။ “ဘယ်လိုအစာမျိုးကို စားရမလဲဆိုတာ ချက်ချင်းကြီး မေမေလည်း ပြောမပြတတ်ဘူး။ မေမေတို့ ဘိုးဘေးတွေ ထားခဲ့တဲ့နည်းကိုပဲ အရင်အသုံးပြုကြတာပေါ့။ ပထမဦးဆုံး ညရောက်ရင် လူနေအိမ် ခေါင်မိုးပေါ်မှာ သားသွားပုန်းနေပါ။ နောက် ထပ်ခိုးပေါ်မှာ၊ သေတ္တာဘေးမှာ၊ အိုးဘေးတွေမှာ သားသွားပုန်းနေပြီး လူတွေပြောတဲ့ စကားကို သေချာနားထောင်ပါ။ သားအလိုလိုနေရင်း အစာရှာတတ်သွားပါလိမ့်မယ်” လို့ ကြောင်မေမေက […]