thit minJanuary 8, 20121min52828
မြတ်နိုးခြင်း သင်သည်ဘာကိုအမြတ်နိုးဆုံးလဲ သင်သည်ဘာကိုမြတ်နိုးပါသလဲ။ ဘယ်လောက်ထိမြတ်နိုးပါသလဲ။ သေသေခြာခြာစဉ်းစားပြီးဖြေကြည့်ပါ။ ရှေ့တန်းတိုက်ပွဲဗုံးသံ၊သေနတ်သံများကြားတွင် စစ်သားသည် သူ့ အသက်ကိုမြတ်နိုးမည်။ မွေးဖွားခါနီး မိခင်သည်သူ့အသက်ထက် သူမွေးသောသားသမီးကိုမြတ်နိုးမည်။ ဆင်းရဲခြင်းတွင်ကာလကြာရှည်နေစွာနေလေရသောခါးသီးမှုကို မခံနိုင်၍ငွေကိုမြတ်နိုးမည်။ ငွေရေးကြေးရေးစီးပွါးရေးအတွက် အသက်၊အချိန်၊ကိုယ်ကာယကိုအသုံးပြု၍ရှာဖွေရင်း ငွေကြေးစည်းစိမ် ခံစား စံစားရခြင်းကိုနှစ်သက်လာပြီး ငွေကိုပိုမိုခင်တွယ် မြတ်နိုးမည်။ သူတော်စင်တပါး၊တယောက်သည် သူ့တရား၌ သူမွေ့လျှော်မြတ်နိုးမည်။ လောကီလူ့ဘဝတွင် ရေစုန်ရေဆန် ကူးလူးရင်း မဖြစ်မနေ အခတ်အခဲလောကဓံများနှင့်ရင်ဆိုင်ရသောအခါ ငြိမ်းအေးစွာနေရသော “ဘဝ” ကိုလူတို့မြတ်နိုးမည်။ ဤတွင်ဝေဝါးတော့သည်။ သင့်တင့်သောငွေနှင့်ရပ်တည်ရေးအတွက်အတတ်ပညာဖြင့်ရပ်တည်ရေး၊ စီးပွါးရေးလုပ်ငန်းဖြင့်ရပ် တည်ရေးသူတပါးဝန်ထမ်းအဖြစ်ရပ်တည်ရေးများအစရှိသဖြင့်ပုံစံအမျိုးမျိုး ရှိကြကုန်သောအခါ ကိုယ်မြတ်နိုးရာကိုဘယ်လိုနည်းနှင့်ရအောင်ယူမလဲဟုစဉ်းစားတော့သည်။ တရားသဖြင့်၊မတရားသဖြင့်စဉ်းစားသလားမစဉ်းစားသလားဆိုသောအချက်ထက်ကိုယ့်မြတ်နိုးမှုကိုရ လိုမှုကိုအဓိကထားလိုက်သောအခါ မတရားသဖြင့်ဟူသောလုပ်ရပ်များကိုလုပ်ကြတော့သည်။ ဪ မိမိမြတ်နိုးရာရရေးက အရေးကြီးသည်မဟုတ်ပါလော။ကိုယ်ကျင့်တရားနဲ့လဲရလဲရဘာနဲ့ဘဲ လဲရလဲရ ရတာလိုရင်းမဟုတ်ပါလားဟု စဉ်းစားသောအခါ မိမိ၏ရလိုမှုသည် သူတပါး၏ မျက်ရည်၊သွေး၊ချွေး၊တို့ဖြစ်ရလေပြီ။ မှန်မှန်ကန်ကန်နှင့် ကိုယ်မြတ်နိုးရာကိုရယူနိုင်ဘို့လိုသည်ဟု ဆိုချင်သည်။ သင်မြတ်နိုးရာသည် ဘာလဲ။ […]