Zaw WonnaOctober 6, 20101min701
လူသားတို့ သိရှိခဲ့သမျှ ရုပ်ဝတ္ထုများတွင် အပါးလွှာဆုံးနှင့် အခိုင်ခံ့ဆုံးဖြစ်ပြီး ပိုမိုမြန်ဆန်သော ကွန်ပြူတာများနှင့် အလင်းပေါက်သော Touch screen များအတွက် အရေးပါသည့် ကာဗွန် တစ်မျိုးကို တီထွင်နိုင်ခဲ့သော ရုရှနိုင်ငံဖွား သိပ္ပံပညာရှင် နနှစ်ဦးသည် ပြီးခဲ့သည့် အင်္ဂါနေ့က ၂၀၁ဝ ခုနှစ်အတွက် ရူပဗေဒဆိုင်ရာ နိုဗယ်ဆုကို ပူးတွဲ ရရှိခဲ့ကြသည်။ မန်ချက်စတာ တက္ကသိုလ်မှ ပါမောက္ခများ ဖြစ်ကြသော Andre Geim နှင့် Konstantin Novoselov တို့ နှစ်ဦးသည် အက်တမ် အရွယ်အစားတမျှ ပါးလွှာသော်လည်း သံမဏိထက် အဆပေါင်း ၁၀ဝ ကျော် ခိုင်ခံ့သည့် ကာဗွန် တစ်မျိုးဖြစ်သည့် graphene ကို တီထွင်နိုင်ခဲ့ကြောင်း Royal Swedish Academy of Sciences […]