စဆရ ႀကီးJanuary 6, 20121min16426
မေမြို့ဆောင်းသည်ကား အေးမြလွန်းလှပေစွ။ နှင်းဟု အလွယ်တကူခေါ်ကြသော ရေငွေ့ရေမှုန်များသည် ပါတ်ဝန်းကျင်တွင် ရစ်သိုင်းမှိုင်းဝေနေသည်မှာ ရှေ့တစ်လံမျှကိုပင် ရေးရေးသော်မျှ မမြင်နိုင်ရှိတော့သည်။ မယ်ဇလီပင်များထက်မှ ပင့်ကူမျှင်ကြိုးများဖြင့် တွဲလောင်းကျနေသော ခူယားကောင်များသည်လည်း လမ်းမထက်တွင် တွဲလောင်းချိတ်လျက် ရှိနေသည်။ ပြောရလျင် ကဗျာနည်းနည်းမှ မဆန်သော ဆောင်းမနက်ခင်းတစ်ခုဖြစ်သည်။ မြို့ကြီးသည်ကား တိတ်ဆိတ်ငြိမ်သက်ခြင်း ဝတ်ရုံလွှာကို ခပ်ပါးပါး လွှမ်းခြုံရင်း အိပ်မောကျနေတုန်းပင်ရှိသည်။ ……………………………………………….. ×× ……………………………………………….. ကတ္တရာလမ်းပေါ် ဖိနပ်ရိုက်ခတ်သံများဖြင့် တိတ်ဆိတ်နေသော နံနက်ခင်းနှင့် ပိတ်ဆိုင်းနေသော နှင်းမှုန်များကို ဖြိုခွဲပြီး လူနှစ်ယောက် တိုးထွက်လာလေသည်။ အနွေးထည်ကိုယ်စီ၊ အားကစားဝတ်စုံကိုယ်စီဖြင့် နံနက်စောစော အပြေးလေ့ကျင့်နေသော ဆယ်ကျော်သက်အရွယ် လူငယ်နှစ်ယောက်မှာ ပြေးရင်း၊ စကားပြောရင်းနှင့် တစ်မနက်စာ လေ့ကျင့်ခန်းပြီးဆုံးရာ ကန်တော်လေး ကန်ဘောင်ပေါ်သို့ ရောက်ရှိတော့သည်။ ကန်ဘောင်တစ်လျှောက် ဖြတ်သန်းလာသော လေနုအေးကို […]