erosNovember 8, 20101min1256
အခန်း (၁) ထူးဆန်းသော သတ္တဝါ ၁၈၈၆ ခုနှစ်သည် အကြိမ်များစွာသော ပင်လယ်မှ ထူးဆန်း၍လျှို့ဝှက်သော ကိစ္စများဖြင့် မှတ်တမ်းတင်ရသည့် နှစ်ဖြစ်သည်။ များစွာသော နိုင်ငံများမှ သဘောင်္များသည် ပေပေါင်းများစွာရှည်သော “ကြီးမားမည်းနက်သော အရာဝတ္ထု” နှင့် တွေ့ခဲ့ကြ၏။ ထိုအရာသည် သိပ္ပံပညာရှင်များ သိထားသော အခြားသော မည်သည့် အရာထက် မဆို ကြီးမား၏။ထို “အရာဝတ္ထု” သည် ရေအောက်မှ ထူးဆန်းစွာပေါ်ထွက်လာပြီး ပေရာပေါင်းများစွာရှည်သော ရေပန်းကြီးအား ပန်းထုတ်လေ၏။ ထိုအရာအား ဂျူလိုင်လထဲတွင် ဩစတြေးလျ ကမ်းလွန်၌၊ ထို့နောက် မိုင်ပေါင်း ၂၁၀ဝ ထက်ပိုဝေးသော ပစိဖိတ်သမုဒ္ဒရာ တွေ့ခဲ့၏။ နောက်တကြိမ်တွေ့ရမှုသည် နောက်နှစ်ပတ်အကြာ၊ မိုင် ၆၀၀ဝဝေးသော အတ္တလန်တစ်သမုဒ္ဒရာ အလယ်၌ ဖြစ်သည်။ မည်မျှထူးဆန်းသောသတ္တဝါပေတည်း ၎င်းသည် တနေရာမှ […]