Ma EiAugust 14, 20122min34331
ချစ်စရာ ပင်အပ်မှို၊တို့ဟူးကြော်…   ပင်အပ်မှိုလို့ အလွယ်တကူခေါ်လိုက်တဲ့ မှိုကလေးတွေကတော့(  Enoki Mushroom ) ဖြစ်ပါတယ်… ပင်အပ်မှို၏ အစိမ်းအရသာမှာ ချိုအေးမွှေးနေပြီး၊ချက်ပြုတ်ကြော်သုပ် စားပါက နူးညံ့၍ချိုသောအရသာ ရှိပါသည်။ ပင်အပ်မှိုကို နည်းမျိုးစုံ နှင့် စားစရာ အမယ်စုံ အတော်များများ ချက်ပြုတ်ကြော်သုပ် ပြုလုပ် စားသုံးနိုင်ပါတယ်… Enoki Mushroom ပငိအပ်မှိုကလေးများသည် ချစ်စရာကောင်း ၊ စားကောင်းရုံမျှမက ကျန်းမာရေးအရလည်း ကိုယ်ခံစွမ်းအားကို မြှင့်စေ၍ ကင်ဆာရောဂါများကို ကာကွယ်ပေးနိုင်ကြောင်း၊ အသဲနှင့် အစာအိမ်အတွက် ကောင်းမွန်ကြောင်း သိရှိရပါသည်။   ယခု အစီအစဉ်မှာ တင်ပြပေးမှာကတော့ ချစ်စရာ ပင်အပ်မှို၊တို့ဟူးကြော်…ကလေးဖြစ်ပါတယ်… ပါဝင်ပစ္စည်းများမှာ… enoki ပင်အပ်မှို တစ်ထုပ်…အမြီးပိုင်းဖြတ်၊တစ်ဝက်ဖြတ်ပြီး ရေဆေးထားလိုက်ပါတယ်… တို့ဟူး            တစ်ထုပ်…အဝိုင်းလေးများလှီးထားလိုက်ပါတယ်… ဂေါ်ဖီထုပ်၊ပန်းပွင့်၊မုန်လာဥနီ၊ငရုတ်စိမ်း၊ကြက်သွန်ဖြူ အနည်းငယ်စီ […]