natureDecember 25, 20111min18512
မြန်မာနိုင်ငံတော်သီချင်းဆိုသောအခါ ကမာ္ဘမကြေဟူသောစကားလုံးပါသည်ကိုမြန်မာပြည်သူားတိုင်းသတိထားမိမည်ဖြစ်ပါသည်။ ထိုကမာ္ဘမကြေ  ဟူသောစကားလုံးသည် ပညတ်သွားရာဓါက်သက်ပါဆိုသကဲ့သို့ တကမာ္ဘလုံး မကျေမနပ်ဖြစ်နေမည်ဟုထင်မြင်ယူဆမိသဖြင့် မနှစ်သက်မိချေ။ မည်သို့မည်ပုံ ထိုစကားလုံးပါလာသည်ကိုတော့မသိပါ။ ကာရန်မိရန်ထည့်လိုက်ရပုံရပါသည်။ ကာရန်မိရန်ထည့်လိုက်သည်ဆိုကလည်း …သာသနာမြေ ဒို့ဘိုးဘွားအမွေအနှစ်မို့ချစ်မြတ်နိုးပေ …ဟုဆိုက ဗုဒ္ဓသာသနာသည်မြန်မာပြည်သူားများ၏  အမွေအနှစ် ဖြစ်သည်ဟူသော အဓိပါယ်ဖြင့် ပိုမိုသင့်လျှော်မည်ဟုထင်မိပါသည်။ NLD ပါတီစတင်တည်ထောင်ခါစက ခမောက်ပုံကိုပါတီတံဆိပ်အဖြစ်ရွေးသောအခါ  ကျွန်တော်သည်ရိုးရှင်းသောခမောက်ပုံကိုရွေး သဖြင့်ရိုးရှင်းလွန်းသည်ဟုအပြစ်တင်မိပါသည်။ သို့သော် သူတို့ဖွင့်သောအဓိပါယ်ကို သိသောအခါတွင် ချီးကြူးမိလေသည်။ ခမောက်သည် လူတို့၏ထိတ်ဆုံးမှ နေ၍ အရိပ်ပေးပြီးအေးချမ်းစေသည်ဟုသိရသောအခါတွင် ချီကြူးမိလေသည်။ ယခုအခါခွပ်ဒေါင်းကိုရွေးမည်ဟု သိရပါသည်။ ခွပ်ဒေါင်းတံဆိပ်သည် ၈၈ အရေးအခင်းတွင်ကျောင်းသားများသုံးစွဲခဲ့သောတံဆိပ်ဖြစ်ပါသည်။ အဓိပါယ်က မည်သို့ရှိပါလေသနည်း။ ခွပ်ခြင်းဟူသည် ရန်ဖြစ်ခြင်း ၊ ဆတ်ဆတ်ထိမခံခြင်း ၊ ရန်လိုခြင်းသဘောများလားဟုတွေးတောမိပါသည်။ ခွပ်ခြင်း ရန်ဖြစ်ခြင်းသည် နိုင်ငံတော်သီချင်းတွင် ပါဝင်နေသောကမာ္ဘမကြေဟူသော အချက်နှင့်လည်း  ကိုက်ညီနေပေသည်။ ဒေါင်း ဟူ […]