စဆရ ႀကီးNovember 22, 20111min500
စာတွေ သိပ်မရေးဖြစ်တာလဲကြာပြီ.. ရေးမယ်ဆိုတော့လည်း လက်မတွေ့တော့ သိပ်မရေးဖြစ်ပြန်ဘူးဖြစ်နေပြန်တယ်.. ရေးလိုက်ရင်လဲ တစ်မေ့တစ်မောကြီးဖြစ်အောင် ရေးနေမိတော့ တန်းလန်းထားရင်း ထားရင်းနဲ့ တန်းလန်းကြီးဖြစ်မှန်းမသိကို ဖြစ်နေပြန်ပေါ့။ ဟယ်… မထူးပါဘူးလေဆိုပြီး ရေးတော့မယ်ဆိုတော့လည်း ခုတစ်လော ခံစားမိတာလေးပဲ ရေးချင်လာပြန်ရော။ ရေးစရာကုန်ကြမ်းကတော့ ကိုယ့်ဆီမှာပဲ ကိုယ်ပြန်ရှာတွေ့တော့တယ်။ အသက်ကလဲ စကောစက အရွယ်ရောက်နေတော့ တရားအကြောင်းလဲ ရေးဖို့ မပြည့်စုံသေး၊ အပျော်အပျက်တွေရေးဖို့ကလည်း ကိုယ့်ကိုယ်ကို မငယ်တော့ဆိုပြန်တော့ ဘဝအကြောင်းပဲ ရေးရပြန်သေးတာပေါ့။ (၁) ထိုစဉ်ကဖြစ်ပါသည်။ ကျွန်တော်သည်ကား ဟိုစပ်စပ်၊ ဒီစပ်စပ် အနည်းငယ်စီ စပ်စပ်စုစုသိရှိထားသဖြင့် လူငယ်များနှင့်စကားပြောသည့်အခါ ဗဟုသုတ ဟင်းလေးအိုးကြီးဟု မဆီမဆိုင် အထင်ကြီးခံရခြင်း၊ ထိုစဉ်က လုပ်ငန်းတစ်ခုတွင် ကံကြမ္မာမျက်နှာသာပေးသဖြင့် ရာထူးအတော်ကြီးကြီး ရယူထားနိုင်ခြင်း၊ ပေးနိုင်ကမ်းနိုင်သဖြင့် ချွေမှ ရံသော အခြွေအရံပေါများခြင်းတို့ကြောင့် ကျွန်တော်နေထိုင်ရာ အစွန်အဖျားမြို့နယ်လေးရှိ […]