kalinkJune 25, 20121min1173
                        ရခဲလှတဲ့ ဒုလ္လဘတရား ငါးပါးမှာ ဘဝတိုင်း ဘဝတိုင်းမှာ သဒ္ဓါတရားနဲ့ ပြည့်စုံမှု ရှိချင်မှ ရှိပါလိမ့်မယ်။ ဒါကြောင့် ယခု သဒ္ဓါတရားနဲ့ ပြည့်စုံနေတုန်း မဂ်ဉာဏ် မြန်မြန်ရအောင် လုပ်ပါ။ သေမှာကို ကြောက်ရင် မဂ်ဉာဏ်ကိုရအောင်ယူ၊ မဂ်ဉာဏ်ကို ရပြီဆိုရင် သေမင်းကို မမြင်နိုင်တော့ဘူး။ ဒါကြောင့် ဝိပဿနာအလုပ်ကို မလုပ်ဘဲနေရင် “နင်သေချင်သေးလို့လား” လို့ ကိုယ့်ကိုယ်ကိုယ်ပြန်မေးပါ။ မသေချင်ရင်တော့ ခန္ဓာငါးပါးအပေါ်မှာ ပေါ်တိုင်း၊ ပေါ်တိုင်း ဖြစ်ဒုက္ခ၊ ပျက်ဒုက္ခကိုသာ ရှုကြပေတော့။ (မိုးကုတ်ဆရာတော်)


kalinkJune 20, 20121min1023
ကိုယ်လုပ်နေသော အလုပ်သည် ကိုယ့်ရဲ့ အကောင်းဆုံးစိတ်ထားနှင့် အကောင်းဆုံးအရည်အသွေးကို ဖော်ပြနေခြင်းဖြစ်ရမည်။ ဆရာတော် ဦးဇောတိက(မဟာမြိုင်တောရ)


ဆရာလူထုစိန်ဝင်းက ခေတ်လူငယ်တွေဆိုတာ များများပြောချင်ပါတယ်။နားထောင်ရမယ် ဆိုတာ ကိုမကြိုက်ကြဘူးတဲ့။အမှန်တော့ များများနားထောင်၊နည်းနည်းဘဲ ပြန်ပြော ဖို ့တိုက်တွန်းထားပါတယ်။ခုတော့ ကျွန်မက ပညာရှိတွေဘာကြောင့် စကားနည်းရသလဲ ကိုယ်ထင်တာပြောကြည့်ပါမယ်။မိမိအတွေးနဲ ့ထင်မြင်ချက်ကိုယ်စီကို ပြောပေးကြပါဦးနော် လို ့တိုက်တွန်းပါရစေ။ စကားပြောဆိုခြင်းတွင် မိမိအလိုအလျောက်ပြောဆိုခြင်း၊သူတစ်ပါးကမေးမြန်းတိုက်တွန်း၍ပြောဆိုခြင်း ဟူ၍နှစ်မျိုးရှိရာတွင် မိမိအလိုအလျောက်ပြောဆိုရသော စကားထက် သူတစ်ပါး တို ့ကမေးမြန်းတိုက်တွန်း၍ ပြောဆိုအပ်သော ပြောဆိုခြင်းက ပို၍လေးနက်လေသည်။သူတစ်ပါးလဲ နားထောင်လိုစိတ်ရှိလေသည်။ ထို ့ကြောင့် ကျမ်းပြုအကျော်အမော်ဆရာတို ့သည် တောင်းဆိုသောပုဂ္ဂိုလ်ရှိမှသာကျမ်းဂန်ရေးသားလေ့ရှိကြသည်။ထို ့ကြောင့် မည်သည့်စကားကိုမျှမဆို သူတစ်ပါးက ပြောပါဆိုပါဟူ၍မတိုက်တွန်းမမေးမြန်းဘဲ မိမိသဘောအလျောက် စိတ်နောက်နှုတ်ပါ မပြောဆိုမိလေအောင်သတိထားကြလေသည်။သို ့သော် အကျိုးရှိမည့် အရာတို ့၌မူ မည်သူမျှမေးမြန်းခြင်း တိုက်တွန်းခြင်း မရှိသော်လည်း အခါအခွင့်အားလျော်စွာ ပြောဆိုတတ်၏။တရားစကားကိုမူ မည်သူမျှမတိုက်တွန်း မမေးမြန်းသော်လည်း အခါအခွင့်အားလျော်စွာ ဟောပြောနေလေသည်။ သို ့သော် ဆိုးယုတ်လူမိုက်တို ့သည် မည်သည့်အရာကပြောသင့်သည် အချိန်အခါအခွင့်သင့် သည် မသင့်သည်ကို […]