လွန်ခဲ့သော ဧပြီလ ၁၅ နေ့ ထုတ် ဟဲလိုမြန်မာဂျာနယ် လေးထဲမှာပါလာတဲ့ ဗဟုသုတပညာပေးလေးပါ။ အရက်သောက်ခြင်းဟာကျမ်းမာရေးကိုထိုခိုက်စေရုံမကပဲ မိမိ၏ပိုက်ဆံအိတ်ကိုပါထိခိုက်စေနိုင်ကြောင်းကို အဲဒီ ဆိုဒ့်လေးထဲမှာဖေါ်ပြပေးထားပါတယ်။အရက်သောက်ခြင်းကြောင့် ရရှိလာမယ့် အကျိုးအပြစ်တွေ၊သတိမူစရာအချက်အလက်တွေကို စိ်ဝင်စားဖွယ်ပညာပေးနေတဲ့ Application ပါ။ Booze Calculator ဟာ ကိုယ်သောက်ခဲ့တဲ့နူန်းထားပေါ်မူတည်ပြီး ကျမ်းမာရေးဘယ်လောက်ထိခိုက်နိုင်တယ်၊ပိုက်ဆံဘယ်လောက်ကုန်သွားတယ်၊အချိန်ဘယ်လောက်လေလွင့်သွားတယ်ဆိုတာတွေကို သရှိနိုင်သည့်အပြင် ရှိတဲ့ပိုက်ဆံနဲ့ အခုလိုလုပ်စားမယ့်အစား ဘယ်လိုအာဟာရရှိတဲ့ အစားအစာတွေကိုစားသုံးနိုင်တယ် စတဲ့ သတိမူစရာအချက်တွေကို စိတ်ဝင်စားဖွယ်တင်ဆက်ပေးနေတဲ့ Flash Application လေးဖြစ်ပါတယ်။Booze Calaculator ကိုအသုံးပြုဖို့စစချင်းမှာ ကိုယ်ဟာ အမျိုးသား၊အမျိုသမီး ဖြစ်တယ်ဆိုတာရွေးချယ်ပေးပြီး နောက်ဆုံးကိုယ်သောက်ခဲ့တဲ့ စံချိန်အတိုင်း Application မှာရွေးချယ်ပေးရမှာဖြစ်ပါတယ်။သုံးစွဲသူ အနေနဲ့ ဘီယာ၊ဘီယာ(အပြင်း)၊ဝိုင်၊အရက်(ပြင်း)၊အပျော့ စတာတွေကို ဘယ်နှစ်ခွက်သောက်တယ်သုံးခဲ့သလဲဆိုတာ ရွေးချယ်ပေးဂမှာဖြစ်ပါတယ်။ဒါဆိုရင်သင်ပေးလိုက်တဲ့ အချက်အလက်တွေမှာမူတည်ပြီး Booze Calculator ကနေ စတင်တွက်ချက်မှာဖြစ်ပါတယ်။Booze Calculator Application ကတွက်ချက်လို့ရတဲ့ […]