မြသဲ ( 17082011 )July 18, 20131min36338
္စ္စတနေ့ ကျွန်မအမျိုးသားနဲ့ အပြင်လိုက်သွားပါတယ်။ ဆိုင်တခုမှာ သူဝင်တော့ ကျွန်မလဲ ဝင်ပြောဖို့ မဆိုင်တာနဲ့ ဆိုင်ရှေ့မှာ ခုံလေးချပြီးထိုင်နေပါတယ်။ ထိုင်နေတာကြာတော့ ပျင်းလာတာနဲ့ ဟိုကြည့် ဒီကြည့်နဲ့ပေါ့။ အဲဒီမှာ အဲဒီဆိုင်နဲ့မျက်နှာချင်းဆိုင်မှာ အဆောက်အဦးတခုဆောက်နေတယ်။ သူ ဆောက်နေတာကတော့ Steel Structure လို့ခေါ်နေကြတဲ့ သံပေါင်တွေနဲ့ဆောက်နေတယ်။ ကျွန် မလဲစိတ်ဝင်စားသွားတယ်။ အဲလိုဆောက်တာတခါမှသေချာမမြင်ဖူးဘူး။ အဲဒီသံဘောင်တွေဘယ် လိုတင်လဲစိတ်ဝင်စား သွားတာနဲ့ သေချာထိုင်ကြည့်ဖြစ်ခဲ့ပါတယ်။ ပထမတော့ ဘာမှမရှိဘူး။ ဆောက်လက်စသံဘောင်တွေပဲတွေ့ရတော့ ရုံးပိတ်ရက်မို့များလားပေါ့။ ခဏနေတော့ သံဘောင်ကြီးတခုအလုပ်သမားလေးယောက်တင်ပြီး တက်လာ တယ်။ ဝန်ချီစက်တခု ကနေမတင်လာတာ။ အဲဒီသံဘောင်ကိုကြည့်လိုက်တော့ သံဘောင်မတဲ့ ကရိန်းမဟုတ်ပဲ ရိုးရိုးဝန် ချီစက်ဖြစ်နေတယ်။ အဲတော့သူတို့က သံဘောင်မလို့ ရအောင် သံဘောင် အလည်နားလောက် မှာခွပြီး ကြိုးနှစ်ကြိုးကို လက်နဲ့ချည်ထားတာတွေ့ရပါတယ်။ တွဲလောင်းတွဲလောင်းနဲ့ပေါ့။ ကြိုးချည် […]