Rose MinnMay 16, 20121min57669
သူရာ လို့ ဆိုလိုက်တာနဲ့ လူတိုင်း သိကြပါတယ်။ သူရာ ဆိုတာ ပါဠိလို ပြောခြင်းဖြစ်ပါတယ်။ မြန်မာလိုကတော့ သေစာ၊ သေရည်၊ သေရက်၊ လို့သုံးကြပါတယ်။ သူရာ (သုရာ)ဖြစ်ပေါ်လာပုံ ကို ငါးရာ့ ငါးဆယ် ဇာတ်နိပါတ် ထဲမှ ကုမ္ဘ ဇာတ်မှာ ဟောထားတာ လေးရှိပါတယ်၊ အကျဉ်းချုပ်ပြောရလျှင် တော့ ဟိမဝန္တာတောထဲ မှာ မိုးကာလသစ်ပင်ခွကြား ရေဝပ် နေတော့ အသီးမျိုးစုံ၊ အပွင့်မျိုးစုံ ကြွေလွင့်ကျကာ  ကျေးငှက်ချီယူလာ တဲ့ သလေးစပါး လိုအနှံတွေ ချီယူလာစားရင်း ကျနေတယ်။ နွေအခါမှ နေရဲ့ အပူရှိန် နဲ့ အရက်ချက်ထားသလိုဖြစ်နေတယ်။ သုရာ အမည်ရှိတဲ့ မုဆိုးက အမဲလိုက်ရင်း ရောက်လာ ေတော့ ငှက်တွေ မျောက်တွေ ဟာ […]


တစ်ချိန်က တမ္ဗပဏ္ဏိဟု အမည်ရခဲ့သော သီရိလင်္ကာကျွန်းနိုင်ငံငယ်လေးသို့ နောင်တစ်ချိန်တွင် သာသနာထွန်းကားလာမည်ကို ကြိုတင်သိရှိတော်မူသည့်အတွက် မြတ်စွာဘုရားသက်တော်ထင်ရှားရှိစဉ်က သုံးကြိမ်သုံးခါ ကြွရောက်ချီးမြှင့်ခဲ့သည်ဟု ဒီပဝံသ၊ မဟာဝံသစသော သီဟိုဠ်ရာဇဝင်များက ဆိုလေသည်။ မြတ်စွာဘုရားပရိနိဗ္ဗာန်စံပြီးနောက် ဘီစီ(၃)ရာစုတွင်လည်း သီရိဓမ္မာသောကမင်း၏စေလွှတ်မှုဖြင့် သားတော်အရှင် မဟာမဟိန္ဒသည်လည်း သီဟိုဠ်ကျွန်းသို့ သာသနာပြုကြွရောက်တော်မူခဲ့ကြောင်း အသောကကျောက်စာ၊ သမန္တပါသာဒိကအဋ္ဌကထာနှင့် ဝံသကျမ်းများအရ သိရသည်။ ထို့ကြောင့် သီရိလင်္ကာနိုင်ငံသည် ဗုဒ္ဓသာသနာ့အဆုံးအမကို အစောဆုံးလက်ခံရရှိသော ပင်လယ်ရပ်ခြား တိုင်းနိုင်ငံဖြစ်သည်ဟု ဆိုနိုင်ပေသည်။ သို့ရာတွင် ရှည်ကြာလှသော သမိုင်းကာလတစ်လျှောက်တွင် သီရိလင်္ကာဗုဒ္ဓသာသနာသည် တည်တည်ငြိမ်ငြိမ်အေးအေးချမ်းချမ်းဖြင့် ဖွံ့ထွားထွန်းကားလာသည်တော့ မဟုတ်ပေ။ အနုရာဓပူရခေတ်၊ ပေါလောနရုဝခေတ်၊ ကန္ဒီခေတ် အစရှိသော ခေတ်အဆက်ဆက်တွင် သူပုန်ရန်များ၊ မင်းဆိုးမင်းညစ်တို့၏ရန်များ၊ ရဟန်းဆိုးတို့၏ရန်များ၊ အယူမတူသူတို့၏ရန်များ၊ တိုင်းတစ်ပါးသားတို့၏ရန်များစသည်ဖြင့် အတွင်းအပြင် အန္တရာယ် ရန်စွယ်တို့အကြားမှ ခက်ခက်ခဲခဲ ထွန်းလင်းခဲ့ရလေသည်။ ဤသို့ […]


ဆန်နီနေမင်းSeptember 17, 20111min760
လူ့လောကကို ရောက်လာတဲ့ လူများစုဟာ လူ့ပြည်ကို ပျော်စရာလို့ထင်နေကြကာ အပျော်ဘက်ကိုပဲ ဦးစားပေးနေကြတာ များပါတယ်။ တကယ်တော့ လူပြည်ဟာ ပျော်စရာနဲ့ အချိန်ကုန်ရမဲ့ နေရာဌါန မဟုတ်ပါဘူး။ ကောင်းမှုကုသိုလ်လုပ်ဖို့ အကောင်းဆုံးနေရာဖြစ်တာကြောင့် ကောင်းမှုလုပ်ကာ အချိန်ကုန်ရမဲ့နေရာပါ။ တကယ်လို့ မိမိတို့က ရရှိလာတဲ့ လူ့ဘဝလေးမှာ ကောင်းမှုမလုပ်ဘဲ အပျော်ဘက်ပဲ ဦးစားပေးနေမယ်ဆိုပါက သံသရာဆင်းရဲ ဒုက္ခကြီးထဲကနေမလွတ်ဘဲ အန္တရာယ်စက်ကွင်းထဲ ရောက်ပြီး ရင်းရောက်နေပါလိမ့်မယ်။ အပျော်ဘက်ကို ဦးစားပေးတဲ့လူများစုဟာ သံသရာဒုက္ခကနေ လွတ်မဲ့အရာများကို ပြုလုပ်ဖို့ရန် မေ့နေကြတာ များပါတယ်။ အရင်အရင်ဘဝတွေကလည်း အပျော်နဲ့ပဲ အချိန်ကုန်ခဲ့လို့ သံသရာဆင်းရဲကနေမလွတ်ခဲ့တာကို နောင်တမရသေးဘဲ ခုလူ့ဘဝရချိန်လေးမှာလည်း အပျော်နဲ့ပဲအချိန်ကုန်နေမယ်ဆိုရင် နောက်ဘဝလည်း ဆင်းရဲဒုက္ခများတဲ့နေရာဌါနမှာပဲ ကျင်လည်ရဦးမှာပါ။ တကယ်တော့ အပျော်ဆိုတာ ခဏတာပဲပျော်ရတာပါ။ တခဏတာပျော်ရတဲ့အပျော်နဲ့ တမလွန်များစွာမှာ ပျော်ဖို့အတွက် ဘယ်ဟာကိုဦးစားပေးသင့်သလဲဆိုတာ စဉ်းစားဖို့လိုပါတယ်။ […]