ပထမဦးဆုံး ပြောချင်တာက သူမတို့ ၂ယောက်လုံးကို ကျေးဇူးတင်ပါတယ်။ ကျနော့်ဘဝ ပထမတကြိမ် လွန်ခဲ့တဲ့ ၁ဝနှစ်လောက်တုန်းကနဲ့ အခု နောက်ဆုံးအကြိမ်မှာဘဲ ….. သူမတို့ နှစ်ယောက်စလုံးက ချစ်ခြင်း မေတ္တာတရားဆိုတာ ကျနော်နဲ့ကျနော့် အတ္တအတွက် လုံးဝ(လုံးဝ) မအပ်စပ် မသင့်တော်ဘူး ဆိုတာကို သိနားလည်အောင် သင်ပြပေးသွားလို့ပါဘဲ။ ဒုတိယ အနေနဲ့ကတော့ ကျနော်ဟာ ချစ်တတ်သူတယောက်ပါလို့ ကြွေးကြော်နေခဲ့ပေမဲ့ ကိုယ့်ကိုကိုယ်ထက် တပါးသူကို ပိုပြီး မချစ်တတ်ဘူးဆိုတာကို နားလည်သွားလို့ပါဘဲ။ တတိယ အနေနဲ့ကတော့ ဒီအတ္တတွေ ဖုံးလွှမ်းနေတဲ့ ကျနော်ဆိုတဲ့ လူတယောက်ဟာ တနေ့နေ့တချိန်မှာဖြင့် ဆိုတဲ့ မျှော့်လင့်ခြင်းမျိုးနဲ့ ထပ်မံစောင့်ဆိုင်းဖို့ ကျနော့်ရဲ့ နှလုံးသားဟာ ……….။ ကျနော် မငိုတတ်ပါဘူး … ဒါပေမဲ့ ……… သူများတွေ အသည်းကွဲရင် ဟတ်ဟတ်ပတ်ပတ် […]