padonmarFebruary 19, 20191min84913
ပုတိဖွား လူချမ်းသာ ………………… မွေးနေ့မွေးရက်ကို မဟာဘုတ်တိုင်ထောင်လိုက်တော့ ပုတိဖွားတဲ့။ ပုတိသဘောဆိုတာ ကပ်စေးနည်းတယ်။ မှန်လိုက်လေ။ ကိုယ်ကပ်စေးနည်းတယ်ဆိုတာ ငယ်ကတည်းက ကိုယ့်ဖာသာကိုယ် သိပါတယ်။ အမေပေးလိုက်တဲ့ မုန့်ဖိုးဆို ကျောင်းမုန့်ဆိုင်တွေမှာ ဝယ်စားရိုးထုံးစံမရှိ၊ အဖေဝယ်ပေးထားတဲ့ ခွေးရုပ်ကော်စုဘူးလေးထဲ ထည့်လိုက်ဖို့ပဲ ဆန္ဒရှိတာ။ တက္ကသိုလ်တက်တဲ့ တလျှောက်လုံး canteen မှာ ဝယ်စားဖူးတဲ့ အကြိမ်က လက်ဆယ်ချောင်း မပြည့်ဘူး။ အဝတ်အစားဆိုလည်း ဈေးပေါတာပဲ ကြိုက်တတ် ဝယ်တတ်တယ်။ ဈေးကြီး အဖိုးတန်ဆိုရင် ဗေဒင်မမေးနဲ့၊ အဲဒါ သူများဝယ်ပြီး လက်ဆောင်ပေးထားတာပဲ။(လက်ဆောင်တွေရလို့ တော်သေး) အစားအသောက်ကတော့ နဂိုတည်းက ကောင်းပေ့ဆိုတဲ့ ငါးမြင်းဗိုက်သားတို့ ဝက်သုံးထပ်သားတို့ ကြက်ပေါင်ကြော် တို့၊ Donut တို့ ဆိုတာတွေ မကြိုက်တတ်၊ငပိရည်တို့ မရမ်းသီးငပိထောင်းတို့ ချဉ်ပေါင်ကြော်၊ဘဲဥချဉ်ရည်၊သီးစုံပဲကုလားဟင်း ဆိုတာမျိုးမှ မက်မက်စက်စက်ကြိုက်တာ။ […]


padonmarFebruary 6, 20192min4387
ဇန်နဝါရီ လ အတွက် မှတ်သားဖွယ်လေးပါ။ နှစ်သက်လို့ ရမ်းသန်း ဘာသာပြန်ပါတယ်။ မှားတာတွေ့ရင် ပြင်တော်မူ။ Go confidently in the direction of your dreams. Live the life you have imagined. သင့်အိပ်မက်တွေ လမ်းညွန်ရာ ယုံယုံကြည်ကြည် သွားလိုက်ပါ။ သင်စိတ်ကူးရာ ဘဝမှာ စိတ်ချလက်ချ နေလိုက်ပါ။ ………………….. You have one life to live. Do your work with passion. And give your best. သင်နေဖို့ရာ အသက်တခုသာ ကရုဏာနဲ့ အလုပ်လုပ်ပါ။ အကောင်းဆုံးသာ ပေးလိုက်ပါ။ ……………………………….. Quote […]


padonmarFebruary 2, 20191min4536
Every little act counts in creating a sustainable tomorrow. လှုပ်ရှားမှု သေးသေးလေးတိုင်းဟာ ပိုကောင်းတဲ့ မနက်ဖန်တွေကို ဖန်တီးရာမှာ အကျုံးဝင်နေပါတယ်။ Let’s recycle more wasteless today. ဒီနေ့အဖို့ အမှိုက်ကင်းကြမယ်၊ ပြန်သုံးကြမယ်။ …………………………….. နှစ်စဉ်နှစ်တိုင်း ပလပ်စတစ်အမှိုက် တန် ၈သန်းလောက်ကို ပင်လယ်သမုဒ္ဒရာတွေထဲ စွန့်ပစ်နေကြပါတယ်။ဒါဟာ နေ့တိုင်း မိနစ်တိုင်းမှာ အမှိုက် တွေ ကုန်တင်ကား တစီးစာ စွန့်ပစ်နေတာနဲ့ ညီမျှပါတယ်။ ဒီနှုန်းအတိုင်းသာ စွန့်ပစ်နေကြရင် 2050 ခုနှစ်မှာ ပင်လယ်ထဲ ငါးတွေထက် ပလပ်စတစ်တွေက ပိုများနေပါလိမ့်မယ်။ ဒါပေမယ့် အခုက စပြင်ကြမယ်ဆိုရင် နောက်မကျသေးပါဘူး။ ……………………………………………………… မကြာခင်က လက်ဆောင်ရထားတဲ့ စားပွဲတင် ပြက္ခဒိန်လေး […]


padonmarJanuary 31, 20191min44213
သတိလက်လွတ် ငှက်တောင်ကျွတ်သို့ ……………………………………………. ငှက်တွေမှာ အတောင်သာလျှင် ကိုယ်ပိုင်ဥစ္စာတဲ့။ အတောင်ဟာ အသက်တမျှ အဖိုးတန်ပါတယ်။ အတောင်မပါလို့ မပျံသန်းနိုင်တဲ့ ငှက်ဟာ သေသလိုပါပဲ။ငှက်တောင်ကျွတ်ရင် သေတာပါပဲ။ လူမှာလည်း သတိကင်းမဲ့ရင် သေလူလိုပါပဲတဲ့။ …………………………….. အသက်လေးရလာတာနဲ့အမျှ မရဏာနုဿတိပွားရင်း သတိလေးကပ်ရမယ်ဆိုတဲ့ အသိဝင်လာပါတယ်။ အသိသည်အသိသာဖြစ်ပြီး လက်တွေ့မှာတော့ သတိကပ်နိုင်ချျိန်က လက်သည်းခွံပေါ်က မြေမှုန့်ဖြစ်ပြီး သတိမကပ်တဲ့ အချိန်တွေက ကမာ္ဘမြေကြီးလောက် ဖြစ်နေတာ။ ……………. ကိုယ့်ဖာသာဆိုရင် သတိရှိလိုက်သလား မသေချာပေမယ့် သူများနဲ့ ပတ်သက်ရရင်တော့ သတိကင်းတာတွေ ဘွားဘွားကြီး ပေါ်တော့တာပဲ။ အကြောင်းအရာ တခုကို ပြောရမယ့်သူကို ပြောမိပြီးပြီလား မသေချာတော့လို့ ထပ်တလဲလဲ ပြောမိတာ၊ ပြောပြီးပြီးလို့ ထင်ပြီး ဇွတ်ငြင်းမိတာ၊ တနေရာကို တခုခု ယူမယ်လို့ သွားပြီး အနီးကျမှ […]


padonmarJune 28, 20171min55818
တချိန်က မိတ်ဆွေ အိမ်မှာ သူ့အဖေစုဆောင်းထားတဲ့ ဆင်းတုတော် အမျိုးမျိုးကို ဖူးတွေ့ရပြီး အားကျမိပါတယ်။ ရောက်လေရာမှာ အခွင့်သင့်ရင် ဆင်းတုတော်တွေ ဝယ်ယူ စုဆောင်းသလို မိတ်ဆွေတွေဆီက လက်ဆောင်တွေကလည်း ဆင်းတုတော်တွေ ဖြစ်နေတတ်ပါတယ်။ မြဘုရား ပုံတူပလပ်စတစ် ဆင်းတု၊ကမာကူရဘုရားပုံတူသံဆင်းတု ၊မဟာမြတ်မုနိပုံတူ ခရစ်စတယ် မီးလင်းဆင်းတု (ဒါပေမယ့် တရုတ်လုပ်ထင်ပါတယ်) အမျိုးမျိုးပါပဲ။ ဒီဆင်းတုကတော့ ရွှေရောင်ပါ။ ထိုုင်ဝမ် သမဏသုခတောရ ဖားအောက်ကျောင်းမှာ ထိုင်ဝမ်လူမျိုးဆရာတော် ဦးသောပါက လှူထားတဲ့ ဆင်းတုတော် အမျိုးမျိုး အရွယ်ရွယ်အစားစားထဲက မည်သူမဆို ကြိုက်ရာ ပင့်ဆောင်ပူဇော်ခွင့် ရှိပါတယ် (အလွန် သပ္ပါယ်ပါတယ်) ဒီလို အလှူတွေ လက်ခံရတာ အလွန် ဝမ်းမြောက်ပါတယ်။ ကိုယ်လည်း သူများကို (သိသူကိုဖြစ်စေ၊မသိသူကိုဖြစ်စေ) ပူဇော်လိုသူတိုင်းကို ဆင်းတုတော်တွေ လှူဒါန်းနိုင်တဲ့ ဒါနရှင် […]


padonmarJune 27, 20171min47445
အဘိဓမ္မာအရ.. မှတ်ဉာဏ်ဆိုတာ ဘယ်လိုသိမ်းထားသလဲ သိချင်လို့ အမတော်ရေ..။ ဘဝတွေကူးသွားတဲ့အခါမယ်.. အဲဒီသိမ်းထားတဲ့ မှတ်ဉာဏ်ဘယ်လိုသယ်သွားသလဲ ဆိုတာလည်း သိချင်လို့..။ စိတ်ကော၊ရုပ်ကော ဖြစ်ရပ်ပျက်ဆိုတော့ ဦးနွေဦး ပို့စ်ထဲ သူကြီးက အဲသလိုမေးတော့ ကိုယ်တယောက်တည်း ဒီလက်ပေါက်ကပ်တဲ့ သူကြီးနဲ့ သူများပို့စ်နဲ့ မဆီမဆိုင်အပြန်အလှန်ငြင်းမယ့်အစား အဖော်အပေါင်းနဲ့ ငြင်းရအောင် ပို့စ်အဖြစ်တင်ပါတယ်။ (သူကြီးဆီက ပွိုင့်ရအောင်ရောပေါ့.ဒါမှ ကိုဘလက်ကို မြန်မြန်ကျော်မှာ) စိတ်ဝင်စားရင် လာမန့်ပြီး မုန့်ဖိုးပေးပါ။ (၁) နွေဦး says: “အဘိဓမ္မာအရ.. မှတ်ဉာဏ်ဆိုတာ ဘယ်လိုသိမ်းထားသလဲ သိချင်လို့ အမတော်ရေ..။” ဆိုတာ နည်းနည်းတော့ရှင်းရခက်ပေမဲ့ အလွယ်ပြောရရင် မီးသီး တလုံး မှာ မီးလင်းအောင် လျှပ်စစ်ဓါတ် ဝင်တယ် ။ပြီး မီးပိတ်သွားတယ်. လျှပ်စစ်ဓါတ် က မကျန်ဘူး.. ဒါပေမဲ့ မီးသီးပူပြီး […]


padonmarJune 23, 20171min33020
(၁)ဒီကနေ့ မနက် အလုပ်သွား၊ တူလေးမောင်းတဲ့ ကားနဲ့ လိုက်၊ မီးပွိုင့်တွေမှာ ဒစ်ဂျစ်တယ် နံပါတ်တွေ တော်တော်ပြောင်းပြီးနေတာ သတိထားမိ၊ အရင်က မီးဝါချိန် ကွေ့လိုင်းကို လုထွက်ရ၊ အခု ကွေ့လိုင်းပေးရင်ပေး၊မပေးတဲ့နေရာမှာ အသွားနဲ့ အပြန်ကို အချိန် နည်းနည်း ခွာလွှတ်အောင် ချိန်ထားတော့ လွယ်လွယ်ကူကူ ကွေ့လို့ရ ၊ CCTV Camera တွေလည်း ဒီရက်ထဲ အတော်များများ ပွိုင့်တွေမှာ တွေ့ရ။ Road Traffic Accident နည်းနည်းကျလာလောက်တယ် မှန်း။ (၂) Ambulance တွေ တီးတော်တီးတော်နဲ့ မောင်းလာကြ၊ ဆန့်ကျင်ဖက် ယာဉ်ကြောက တက်မောင်း၊မီးပွိုင့်ကျတော့ မီးနီကာစကို ခပ်ဆိုင်းဆိုင်းဖြတ်မောင်းသွား၊ တည့်ကားတွေ မမောင်းသေးဘဲ ရပ်စောင့်ပေးနေ၊ အရေးကြီး လူနာတွေ အသက်မီလောက်မယ်တွေးပြီး ဝမ်းသာ၊ […]


padonmarMarch 17, 20161min25110
ကွယ်လွန်သူ ဆရာကြီး ဦးအောင်သင်းရဲ့ လှလိုက်တာနော် နှင့် ရသ စာတမ်းငယ်များ စာအုပ်ထဲက `စစ်မဲ့သူရဲကောင်း´ ဆောင်းပါးလေး ကောင်းလွန်းလို့ မိတ်ဆွေများကို မျှဝေပါတယ်။ ဆရာကြီးက စစ်မဲ့သူရဲကောင်းအဖြစ် ရမည်းသင်းစား သီဟပတေ့က သူ့လက်ဖက်ခွက်ပေါ် ဖက်ဝန်း မအုပ်ပေးမိမှုအပေါ် အထင်လွဲပြီး ပုန်ကန်ရန်ကြံစည်မှုကို ခွင့်လွှတ်ပေးခဲ့တဲ့ ငါးစီးရှင်ကျော်စွာ ကို ရည်ညွှန်းပါတယ်။ သူနဲ့ နှိုင်းယှဉ်ပြတာကတော့ ငရမန်ကန်းနဲ့ ကြွေအံကစားရင်း မခံချင်စိတ်နဲ့ `နင်စွမ်းရင် ပုန်ကန်လေ´ လို့ ပြောခဲ့တဲ့ စောလူးမင်း ရဲ့ မိုက်မဲမှုပါပဲ။ သမိုင်းမှာ စောလူးမင်းလို ညံ့ဖျင်းတဲ့ ခေါင်းဆောင်မျိုး မွှေလိုက်ပြီ ဆိုရင် နောက်ဆက်ခံရတဲ့ ခေါင်းဆောင်ဟာ ဖာလို့ ထေးလို့ မဆုံးနိုင်အောင်ဖြစ်တတ်တာ ဓမ္မတာပါတဲ့။ စောလူးမင်းနောက်က တက်တဲ့ ကျန်စစ်မင်းကြီးရဲ့ ဘဝဟာ သူ့ရဲ့ […]


padonmarFebruary 18, 20161min31216
14.2.2016 ညနေ ၅နာရီ ၄၅ မိနစ်တွင် မထက်ထက်ထွန်း အိမ်၌ ဟောကြားပေးသော ဆရာတော် ဦးဇောတိက တရားထဲမှ ကျန်းမာရေးအတွက် သိကောင်းစရာများ (၁) ကျန်းမာဖို့အတွက် အစာ အများကြီး စားစရာ မလိုပါ။ အချိုဓာတ်ကနေ Cholesterol အဖြစ်ပြောင်းစေပါတယ်။ ဒါ့ကြောင့် အချိုကို လျှော့စားရပါမယ်။ အစာစားတဲ့အခါ အဆာပြေပြီဆိုရင် ရပ်လိုက်ပါ။ လူရဲ့ ဦးနှောက်က အစာစားပြီး အချိန်အနည်းငယ်ကြာလို့ သွေးထဲက အချိုဓာတ်တက်လာမှ ဗိုက်ဝတယ်ဆိုတဲ့ ခံစားချက်ရပါတယ်။ ဒါ့ကြောင့် ဗိုက်ဝပြီ ဆိုမှ ရပ်ရင် လိုအပ်တာထက် ကိုယ်ထဲကို ပိုဝင်သွားပါပြီ။ (ဘုန်းဘုန်းဆို ဆီးချို ရှိတာ ကိုယ်လက်လှုပ်ရှားပြီး အစားထိန်းထားရုံနဲ့ ဆီးချို မတက်တော့ပါဘူး၊ အစာလျှော့တဲ့ အတွက် လူကလည်း ပိန်မသွားပါဘူး။) Longevity […]


padonmarFebruary 17, 20161min2129
ကြည်ဖြူပါစေ တရားတော်(ဓမ္မဒူတ ဆေကိန္ဒာရာမကျောင်း စာချဆရာတော်) (လင်းထက်ဦး+အိဖြူမွှေး မင်္ဂလာဆွမ်းကျွေး 12.2.2016) မှတ်သားဖွယ်များ (၁)မင်္ဂလာဆောင်တယ်ဆိုတာ တိုးတက်ခြင်း၊ကြီးပွားခြင်း၊ချမ်းသာခြင်းတွေဆောင်တဲ့ အလုပ်ကို လုပ်ရင် မင်္ဂလာဆောင်တာပါပဲ။ မင်္ဂလာဟာ အမြဲ ဆောင်နေနိုင်တဲ့ အလုပ်ပါ။ စာသင်ခန်းကို ဝင်လို့ ဆရာနဲ့ တပည့် မင်္ဂလာပါလို့ နှုတ်ဆက်လိုက်တာဟာ ဂါရဝေါစ၊နိဝါတောစ၊ကာလေန ဓမ္မဿ ဝနာ ဆိုတဲ့ ရိုသေခြင်း ၊ကိုယ့်ကိုကိုယ် နှိမ့်ချခြင်း၊ သင့်တော်တဲ့အချိန်မှာ မှန်ကန်တဲ့ တရားကို နာယူသင်ယူခြင်း ဆိုတဲ့ မင်္ဂလာကို ဆောင် လိုက်တာဖြစ်ပါတယ်။ ဒါ့ကြောင့် အချိန်တိုင်းမှာ မင်္ဂလာဆောင်နိုင်အောင် ကြိုးစားကြရပါမယ်။ (၂) ဘုရားအလောင်းသိဒ္ဓတ္ထမင်းသားကို မြင်တော့ ကိသာဂေါတမီဆိုတဲ့ ပိန်ပိန်ပါးပါး မင်းသမီးက ဂါထာလေး တပုဒ်ကို သီဆိုလိုက်ပါတယ်။ `ရတနာထိုက်တဲ့ သားသမီးကို ရတဲ့ မိဘဟာ […]


padonmarJanuary 6, 20161min57410
ကျမတို့ ငယ်ငယ်က စာစောင်တွေထဲ ပါခဲ့တဲ့ ဆရာ ဗန်းမော်ညိုနွဲ့ ရေး အရုဏ်ဦးကလေးကဗျာများစာအုပ် ကို စိတ်ကူးချိုချိုက ဝယ်ခဲ့တယ်။ တအုပ်မှ ၁၀၀ဝ ရယ်။ Discount 20% ဆိုတော့ ၈၀ဝ ပဲကျတယ်။ နှစ်ပေါင်းများစွာ ကြာတဲ့ တိုင်အောင် ကဗျာတွေက ခေတ်မီ အသုံးတဲ့ဆဲပါ။ ဖတ်ကြည့်စေချင်ပါတယ်။ဝယ်ပြီး သားငယ်သမီးငယ်လေးတွေကို သင်ပေးစေချင်ပါတယ်။


padonmarJanuary 4, 20164min66029
၂၀၁၅ ဆိုတဲ့ ၃၆၅ ရက်ကိုတော့ ကျော်ဖြတ်ခဲ့ပါပြီ။ မသေသေးဘူးဆိုတော့ ဒီနှစ်ထဲ ကိုယ်ဘာတွေများ ဖြစ်ခဲ့သလဲ၊လုပ်မိခဲ့သလဲလို့ ဒီမှတ်တိုင်ကို ပြန်လှန်သုံးသပ်ခွင့်ရလိုက်ပြန်ပါပြီ။ ဒီနှစ်ကတော့ ဝါးခယ်မနှစ်၊ခရီးသွားနှစ်၊သင်္ဂဟမေတ္တာနှစ်၊ ရွှေခယ်ရတနာနှစ်၊FB နှစ် လို့ သတ်မှတ်ရမှာပါပဲ။ ရန်ကုန်ကို ၂၀၀ဝ ခုနှစ်ပြောင်းလာပြီး နောက်ပိုင်းနှစ်တွေမှာ တနှစ်ကို တခေါက်ပဲ ဝါးခယ်မ ပြန်ဖြစ်ရာကနေ ၂၀၁၅ မတ်လ ၂၈ မှာ ပြန်ဖြစ်တော့ လမ်းတွေ အလွန်ကောင်းနေတာ တွေ့ရပါတယ်။ ဒါ့ကြောင့် လာချင်ရင် အနီးလေး လို့ FB Note တစောင် ရေးလိုက်မိတာ နိမိတ်ဖတ်သလိုပဲ ဝါးခယ်မကို မကြာမကြာ ရောက်ဖြစ်တော့တာပါပဲ။ လူလည်းရောက် လူကိုယ်တိုင်မရောက်နိုင်ချိန် စိတ်နဲ့လက်(FB ပေါ်ကနေ)ရောက်ပါပဲ။ ဇွန်လဆန်း 7.6.2015 မှာ ရွှေခယ်ရတနာစာကြည့်တိုက်ဖွင့်ပွဲတက်၊ ဇူလိုင်လဆန်း 1.7.2015 […]