padonmarDecember 8, 20131min49436
– ဟင်းသီးဟင်းရွက်တွေကို အစိမ်းမစားပါနဲ့။ – အသီးအနှံများကို အခွံထူထူခွာပစ်ပြီးမှစားပါ။ – အချဉ်ဖောက်ထားသောအစာ ၊ လက်လုပ်ချဉ်များ မစားပါနဲ့။ – ပူပူနွေးနွေးချက်ပြုတ်ထားတဲ့ အစာတွေပဲစားပါ။ – ကီမိုဆေးအားလုံးသွင်းပြီးသွားချိန်အထိ သက်သက်လွတ်မစားပါနဲ့။ – လူထူထပ်ရာ မသွားပါနဲ့။………………… ကင်ဆာဆေး ကီမိုသွင်းပြီးတဲ့အမ မရွှေပုအတွက် ဆောင်ရန်ရှောင်ရန်တွေကို သူ့ပတ်ဝန်းကျင်က သူတွေပါ သိရအောင် ရည်ရွယ်ပြီး ကျမသိသလောက် ကွန်ပျူတာနဲ့စာစီပေးလိုက်ပါတယ်။ ဒီစာလေးရေးပေးနေရင်း ဝမ်းချုပ် တတ်လို့ အသီးအရွက်တွေကို ကြိတ်ပြီး Smoothies လုပ်သောက်နေကျဖြစ်တဲ့ အမရဲ့ညည်းသံကြားယောင်မိပါတယ်။ လူမမာစာလို့ခေါ်တဲ့ ကြက်သားစွပ်ပြုတ် ၊ ဆန်ပြုတ်နဲ့ အသားတွေချည်းစားရတဲ့အခါ ရှောက်သီးသုပ် ၊ မြင်းခွာရွက်သုပ် လိုမျိုးလေးတွေ သံပုရာရည်လတ်လတ်ဆတ်ဆတ်ညှပ်ပြီး စားချင်လိုက်တာလို့ တောင့်တနေရှာပါတယ်။ အစားအစာ ၁ခုဟာ စားနေရချိန်မှာ မသိသာလှပေမယ့် ဒီအစာကို […]


padonmarDecember 6, 20132min30726
ဒို့မြန်မာပြည်ဖွားတွေ မညံ့ပါဘူး။ (၁)ဒီသတင်းလေးကတော့ လွန်ခဲ့တဲ့ ၁လကျော်ကြာက အလဲဗင်းထဲပါထားတဲ့ အင်တာဗျူးလေးပါ။ Facebook မှာလွယ်လွယ်ကူကူ Share ထားလို့ ဖတ်ဖူးပြီးသားသူတွေလည်း များနေမှာဖြစ်ပေမယ့် မဖတ်ရသေးသူတွေလည်း သတိပြုမိအောင်ပြန်တင်ရင်း မြန်မာပြည်ဖွား ဒေါက်တာမြင့်စွမ်းကို ဂုဏ်ပြုပေးချင်ပါတယ်။ အမေရိကန်နိုင်ငံ နယူးဂျာစီမြို့က နှစ်စဉ်ရွေးချယ်သည့် အကောင်းဆုံး ဆရာဝန်များ စာရင်းတွင် ရွေးချယ်ဂုဏ်ပြုခံရသူ ဒေါက်တာအလက်ဇန်းဒါးမြင့်စွမ်း (MBBS, MD, FACP) နှင့် တွေ့ဆုံခြင်း Created on Friday, 08 November 2013 00:01 Written by Mg Toee အမေရိကန်နိုင်ငံ နယူးဂျာစီမြို့က နှစ်စဉ်ရွေးချယ်သည့် အကောင်းဆုံး ဆရာဝန်များစာရင်း ၂၀၁၃ ခုနှစ်တွင် မြန်မာနိုင်ငံသား ဆရာဝန်တစ်ဦးဖြစ်သူ ဒေါက်တာအလက်ဇန်းဒါးမြင့်စွမ်း ပထမဆုံးအကြိမ်အဖြစ် ရွေးချယ်ဂုဏ်ပြုခံခဲ့ရသည်။ ဒေါက်တာ […]