padonmarNovember 27, 20154min76317
      သကျမဟာသီရိဘုရားကြီးတန်ဆောင်းထဲမှာ မုန့်ပွဲတော်အတွက် အရုဏ်ဆွမ်းမလောင်းခင် မနက် ၅နာရီကတည်းက အစောဆုံး လာထွက်ပေးတဲ့ မုန့်သည်ကတော့ အာဒက်ပါပဲ။ မုန့်အဖြူ ကို သကြားဖြူးပေးရင် တခု 150 ပါ။ ကြက်ဥထည့်ရင်တော့ တခု 300 တဲ့။ ပူပူနွေးနွေး ချိုဆိမ့်ဆိမ့် ကျွတ်ကျွတ်လေး မို့လို့ အတူပါသွားတဲ့ တူနဲ့ တူမတွေက အဲဒီ မုန့်သည်နားက မခွာတော့ပါဘူး။ နွားနို့နဲ့ စိမ်စားရင် ပိုကောင်းတာပေါ့။ လက်ဖက်ရည်နဲ့လည်း လိုက်တယ်။ မနက် ရနာရီလောက်မှာ အားလုံးကုန်လို့ ဆေးကြောနေတုံး ဘယ်လောက်ဖိုးရောင်းရလဲဆိုပြီး အင်တာဗျူးလိုက်တာ ပြုံးပြုံးကြီးနဲ့ တသောင်းခွဲဖိုး ရောင်းရတယ်တဲ့။ ဒီဇင်ဘာ ၂ရ သိမ်တော်ကြီး ဝါးခယ်မအသင်း နှစ်ပတ်လည်ကျရင် လိုက်လာရောင်းနော်ဆိုတော့ လာမှာပေါ့တဲ့။ အကိုကြီး အမကြီးတို့ […]


padonmarJanuary 23, 20121min31858
သီချင်းလေးတစ်ပုဒ်ကို ကြားဖူးကြပါလိမ့်မယ်။ မိန်းကလေးလက်ရေးသီရင် ခွင့်လွှတ်စေချင်တဲ့။ သူ့ချစ်သူကို ပေးတဲ့ မေတ္တာစာလေးမှာ သူ့ရဲ့ လက်ရေး ကသီကရီလေးကို အပြစ်မမြင်စေချင်ပါဘူးလို့ တောင်းပန်ထားတဲ့ သီချင်းကလေးပါ။ လက်ရေးကနေ လူတစ်ယောက်ရဲ့ စိတ်နေစိတ်ထားကို အကဲခတ်လို့ရတယ်ဆိုတဲ့ ပညာရှင်တွေလည်းရှိပါရဲ့။ ကျွန်မပြောချင်တဲ့ လက်ရေးကတော့ အဲဒီလို ချစ်ခြင်းမေတ္တာနဲ့ စိတ်နေစိတ်ထားအကြောင်းတွေ မဟုတ်ရပါဘူး။ ကိုယ်ရေးလိုက်တဲ့ စာဟာ လှတာမလှတာထက် ဖတ်ရှုသူရဲ့ သဘောပေါက် နားလည်မှုရရှိဖို့ အဓိကလို့ပြောချင်ပါတယ်။ လက်ရေးမလှလို့ စာမေးပွဲ တစ်ခုမှာ ကျွန်မဆုမရခဲ့တဲ့ အဖြစ်လည်းကြုံခဲ့ဖူးပါတယ်။ ဒီနေရာမှာ ကာတွန်းတွေနဲ့တောင် လှောင်ပြောင်ခံရတဲ့ “ဆရာဝန်လက်ရေးပီသဖို့ သူများ ဖတ်မရအောင်ကျင့်ရေးနေတယ်” ဆိုတာလေးနဲ့ ပတ်သက်ပြီးပြောချင်ပါတယ်။ ဆေးကျောင်းသားတွေ လက်ရေးဆိုးရတာ အကြောင်းရှိပါတယ်၊ ကျောင်းသားတွေ ဆယ်တန်း(ကျွန်မတို့ကတော့ Regional college ) အထိ ဖတ်စာအုပ်တွေ အဆင်သင့်နဲ့ […]


padonmarSeptember 12, 20111min31224
မြန်မာကျပ်ငွေမာနေရခြင်း Brain Storming လွန်ခဲ့တဲ့ ၃ လလောက်က ဒီနာမည်နဲ့ ကျွန်မ Post တစ်ခုတင်ခဲ့သေးတာ မှတ်မိကြမယ် ထင်ပါတယ်။ ဒီအတောအတွင်းမှာ အစိုးရပိုင်းကလည်း စီးပွားရေးလုပ်ငန်းတွေ အထူးသဖြင့် ပြည်ပ ပို့ကုန် Export လုပ်ငန်းတွေ မနစ်နာရအောင် စီးပွားရေးမူဝါဒတွေ အတတ်နိုင်ဆုံး ဖြေလျှော့ ပေးလာတာတွေ့ရပါတယ်။ တရားဝင်ငွေလဲနှုန်းမသတ်မှတ်သေးပေမယ့် ပို့ကုန်ဝင်ငွေလို့ခေါ်တဲ့ Export Earning ကို ၈၀ဝ ကျပ်နဲ့မှန်းပြီး တရားမဝင်သွင်းလာတဲ့ Super Custom မော်တော် ယာဉ်တွေရဲ့ ဒဏ်ကြေးကို ဒေါ်လာ ၁၃၀၀ဝ = ကျပ်ငွေ သိန်း ၁၀ဝ လို့ သွင်းခိုင်းတယ်ဆိုတာ ကြည့်ရင် အစိုးရအနေနဲ့လည်း ဒီလိုပြည်တွင်းသုံး ကျပ်ငွေမာနေရခြင်း ကြောင့် လုပ်ငန်းတွေ ရပ်ဆိုင်း ကုန်မယ်ဆိုတာကို စိုးရိမ်နေတယ်ဆိုတာ […]