padonmarSeptember 10, 20111min32924
ဒီအချိန်မှာ ကိုမောင်မောင်နဲ့ ဆွေဆွေတို့ ခေါင်းချင်းရိုက်ရပါပြီ။ ကိုင်း ဒို့ဘာဆက်လုပ်ကြမလဲလို့ပေါ့ ။ ကိုမောင်မောင် မိတ်ဆွေ ကိုမြင့်သိန်းကတော့ သူလုပ်နေတဲ့ အသင့်စားဟင်းလျာတွေ ဖြန့်တဲ့အလုပ်ကို နာမည်ပါ သူများကို ရောင်းလိုက်ပြီး ရတဲ့ငွေနဲ့ ရွှေဝယ်ရောင်း(ရွှေကစားတဲ့ အလုပ်) သွားလုပ်နေပါတယ်။ သူ့အပြောကတော့ အပင်မှန်ရင် အေးဆေးဘဲ။ အရင်လို မီးခိုး မမွှန်ဘူး၊ လူမထိန်းရဘူး၊ ချွေးမထွက်ဘူးတဲ့။ ဆွေဆွေ့မောင်လေး ကိုမိုးကလည်း US sanction ပြီးကတည်းက အဆင်မပြေတော့တဲ့ အထည်ချုပ်စက်ရုံကိုပိတ် စက်ချုပ်သမလေးတွေ လျော်ကြေးပေး၊စက်တွေရရာဈေးနဲ့ရောင်းပြီး သူ့မိတ်ဆွေတွေနဲ့ ပဲကုန်စည်ဒိုင်မှာ အသင်းဝင်ပြီး ပဲဝယ်ရောင်း လုပ်ပါတယ်။ သူတို့အခေါ်တော့ ပလာတာရိုက်တယ်တဲ့။ ဈေးတက်မယ်ထင်ရင် ကြိုရောင်းထားပြီး ဈေးကျတော့မှ ပြန်ဝယ်ပေးတာလဲရှိ။ ကိုယ်ဝယ်ထားတုန်း ဈေးထက် နည်းနည်းသာရင် ပြန်ရောင်း၊ ပြန်ကျအောင် နောက်တစ်ပင်ထပ်စောင့် ဝယ်တာမျိုးလည်းရှိ။ […]


padonmarSeptember 7, 20111min23918
ကိုမောင်မောင်နဲ့ ဆွေဆွေဟာ ငယ်ကျွမ်းဆွေဇနီးမောင်နှံတွေ ဖြစ်ကြပါတယ်။ ဆွေဆွေက B.Sc အောင်ပြီး ရုံးတစ်ရုံးမှာ အလုပ်ဝင်လုပ်ခဲ့ပါတယ်။ ကိုမောင်မောင်ကတော့ သင်္ဘောသားတွေ ခေတ်ကောင်းတဲ့အချိန်မှာ B.E(Mech) နဲ့ ဘွဲ့ရပြီး သင်္ဘောသား ဖြစ်ခဲ့ပါတယ်။ သင်္ဘောသားဘဝနဲ့ အတော်လေး စုမိဆောင်းမိချိန်မှာ နှစ်ဦးသားလက်ထပ်ပြီး အမိမြေပေါ်မှာ မိသားစုဘဝ တည်ဆောက်ဖို့ အခြေချဖို့ ကြိုးစားခဲ့ကြပါတယ်။ ၁၉၉ဝ ခုနှစ်ပတ်ဝန်းကျင်မှာ သူတို့ဟာ အိမ်တွင်းစက်မှုလက်မှု လုပ်ငန်းလေးတစ်ခုကို စတင်တည်ထောင်နိုင်ခဲ့ပါတယ်။ အဲ့ဒီလုပ်ငန်းကတော့ “ဆွေမွန်” ဆိုတဲ့ ရှောက်သီးဆေးပြား ထုတ်လုပ်တဲ့ လုပ်ငန်းပါဘဲ။ မိသားစု အိမ်တွင်းအသေးစား စက်မှုလုပ်ငန်းလေးကို ထူထောင်ဖို့ ဆွေဆွေကလည်း ရုံးအလုပ်က ထွက်၊ ကိုမောင်မောင်လည်း သင်္ဘောမလိုက်တော့ဘဲ ဒီလုပ်ငန်းကိုပဲ ဖိဖိစီးစီးလုပ်ကိုင် ကြပါတယ်။ ရှောက်သီးစစ်စစ်၊ ငရုပ်သီးမှုန့်ကောင်းကောင်း(မှိုမတက်)၊ သကြားစစ်စစ်၊ နွယ်ချို ကောင်းကောင်း […]


padonmarAugust 15, 20111min26515
အစိုးရသစ်ရဲ့အကြံပေးအဖွဲ့က ဦးဝင်စတန်ဆက်အောင်ပြောလိုက်တဲ့ပညာတတ်များ ပြန်လည်ခေါ်ယူရေးဆိုတာလေးကြားပြီးကတည်းက ကျွန်မရင်ထဲမှာပြောချင်တာလေးတွေ ပလုံစီနေပါတယ်။ ဒါပေမယ့် ကိုယ်ကလည်း စာချောအောင်မရေးတတ်၊ ကွန်ပျူတာကလည်း ဝလုံးတန်း ဆိုတော့ စာရိုက်ရမှာကြောက်တာတွေပေါင်းပြီး လက်တွန့်နေမိပါတယ်။ ၅-၈-၂၀၁၁ ကြေးမုံသတင်းစာမှာပါတဲ့ မောင်တင်အေး(သရက်)ရဲ့ နိုင်ငံကိုစွန့်ခွါခြင်း ဆောင်းပါးကိုဖတ်ရတော့ ပြောချင်စိတ်တွေ တားမရတော့ပါဘူး။ တတ်သလောက် မှတ်သလောက် နဲ့ဒီ Post လေးတင်ပြီးရင်ဖွင့်ချင်ပါတယ်။ အပြောမတတ်လို့ ဆဲသလိုဖြစ်ရင်လည်း ခွင့်လွှတ်ကြပါလို့ တောင်းပန်ချင်ပါတယ်။ ပထမဆုံးပြောချင်တာကတော့ ကျွန်မဟာ နိုင်ငံကိုစွန့်ခွါသူထဲမှာ မပါကြောင်းပါ။ အခုထိ ကျွန်မ မြန်မာပြည်ထဲမှာဘဲ စွဲစွဲမြဲမြဲ နေထိုင်လျက်ရှိပါတယ်။ ဘယ်ကိုမှလည်း ပြောင်းရွှေ့ဘို့ခြေလှမ်း နေခြင်းမရှိပါ။ ကျွန်မရဲ့ သူငယ်ချင်းမိတ်ဆွေ၊ ဆွေမျိုးသားချင်းတွေထဲမှာတော့ နိုင်ငံကိုစွန့်ခွာသူတွေ အများကြီးရှိနေပါတယ်။ ဒါပေမယ့် ကျွန်မဘယ်တော့မှ သူတို့ကိုအပြစ်မမြင်၊ အပြစ်မတင်ခဲ့ပါဘူး။ သူတို့တွေ နိုင်ငံကိုမချစ်လို့ စွန့်ခွါသွားကြတယ်လို့လည်း ဘယ်တုံးကမှ မထင်ခဲ့ပါဘူး။ […]