padonmarMarch 8, 20121min57124
အခုတလော ကြားကြားနေရတာ နားထဲမှာ မချမ်းသာ၊ ကလေးတွေ ပညာရေးအတွက် ပညာရေးဘတ်ဂျက်က နည်း၊ ကျောင်းဝင်ကြေးဘာကြေးညာကြေးက မိုးပေါ်ရောက် ၊ ဆရာဆရာမတွေက ကျူရှင်မှာပဲစာတွေသင်၊ ကလေးတွေက ဂိုက်ပါမှ စာဖတ်၊ ကျူရှင်စားရိတ်က သိန်းချီကုန်၊ ဒါတွေရှောင်ချင်လို့ ဘိုကျောင်းထား၊ မြန်မာစကားက ထော့ကျိုးဖြစ်၊ ကလေးတွေက ဆရာဆရာမကို မလေးစား။ လမ်းတွေ့လို့မှ မနှုတ်ဆက်ချင်၊ ဆရာဘဝကို ဘယ်သူမှ မဖြစ်ချင်တော့။ တစ်ခြားအလုပ်မရမှ ဆရာဆရာမလုပ်။ လုပ်ရင်လည်း အောက်ဆိုဒ်ရှာ။ ဒီလို အဆိုးသံသရာကြီးထဲမှာ ဆရာဆရာမဆိုတဲ့ စကားကြားရင် ကလေးတွေကို သူ့အိမ်မှာ ကျူရှင်တက်ဖို့ ညှစ်နေညစ်နေတဲ့ရုပ်၊ အတန်းထဲမှာ ဇာထိုးပန်းထိုးမုန့်ရောင်းနေတဲ့ရုပ်၊ ကျောင်သားမိဘဆီက လက်ဆောင်လာရင်တစ်မျိုး မလာရင်တစ်မျိုးရုပ်လို့ပဲ ဆရာတွေရဲ့ Image ကိုမြင်ယောင်နေကြပါတယ်။ ဆရာတွေဘက်ကလည်း ဒီလောက်နည်းတဲ့ လခနဲ့ အောက်ဆိုဒ်မှ မရှိရင် […]