Moe TharMay 21, 20101min690
“ပန်းတွေဟာ အရောင်စုံပေမယ့် ရန်မဖြစ်ကြဘူး´´ စာကြောင်းလေးက တိုတိုလေးပါ။ စဉ်းစားစရာတွေကတော့ အနောက်မှာ အများကြီးပဲ၊ လူတွေကကော. . . . ကမ္ဘာပေါ်မှာ လူသားမျိုးနွယ်စုတွေ အများကြီးပဲ၊ မြန်မာပြည်မှာတောင် တစ်ရာကျော်ရှိတယ်၊ သူတို့တွေမှာ အသားအရောင်ကွဲပြားတယ်၊ ဘာသာစကားမတူဘူး၊ ကိုးကွယ်ရာတစ်မျိုးစီ၊ အလေ့အကျင့်၊ ထုံးတမ်းစဉ်လာ စသဖြင့်ပေါ့ မတူတာတွေ အများကြီးပဲ၊ သူတို့တွေမှာ အချင်းချင်းကူညီမှု၊ စာနာထောက်ထားမှု၊ သည်းခံမှု၊ လေးစားမှု၊ ညှာတာမှုတွေ အရမ်းကိုနည်းတယ်၊ ကမ္ဘာပေါ်မှာ လူသားမျိုးနွယ်ရယ်လို့ မပေါ်ခင်ကတဲက လူသားတွေဖြစ်မယ့် အသိဉာဏ်နိမ့်ပါးသေးတဲ့အဆင့် ကတဲကကို အချင်းချင်းသတ်ဖြတ်မှု တွေကရှိနေပြီလေ၊ အသိဉာဏ်မြင့်မားလာလေလေ လူသတ်လက်နက်တွေက အဆင့်မြင့်လာလေပဲ။ ဟိုး…ကျောက်လက်နက်ခေတ်ကနေ အခုနြူကလီးယားခေတ်အထိ ရောက်လာပြီ၊ လူ့သမိုင်းတစ်လျှောက် သမိုင်းတင်ထားတဲ့ စစ်ပွဲကြီးက (၂)ခုရှိတယ်။ သမိုင်းမတင်နိုင်တဲ့ စစ်ပွဲတွေ၊ တိုက်ပွဲတွေ ဘယ်လောက်များလိုက်မလဲ၊ […]