padonmarJuly 17, 20111min20214
< ဒီစာလေးကို မသိသေးတဲ့ လူငယ်တွေအတွက်ရည်ရွယ်ပါတယ်။သိနားလည်ပြီးလူကြီးများကတော့ အမှားပါရင် ပြင်ပေးကြပါရန်။ အရင်က  ဓမ္မစကြာတရားတော်ဟောကြားပုံနဲ့ ပတ်သက်လို့ ပဉ္စဝဂ္ဂီဆိုရင် ရဟန်းအသွင်နဲ့ ထုလုပ်ထားတဲ့ပုံတွေဘဲ မြင်လေ့ရှိတာရော၊ ကိုယ်တိုင်ဗဟုသုတနည်းတာပါ ပေါင်းပြီး ဝါဆိုလပြည့် မြတ်စွာဘုရားရဲ့ ဓမ္မစကြာတရားနာလိုက်တာနဲ့ ပဉ္စဝဂ္ဂီ ငါးပါးလုံးရဟန္တာဖြစ်သွားတယ်လို့ထင်ခဲ့မိပါတယ်။ မကြာသေးမီနှစ်များမှာမှ ဓမ္မစကြာ သင်တန်းတွေတက်မိတော့မှဘဲ ဒီအထင်မှားမှန်းသိခဲ့ပါတယ်။ တကယ်တော့ ပဉ္စ=၅   ဝဂ္ဂီ=အစု ၊ဒီငါးပါးအစုလေးမှာ ပါရမီချင်း ဉာဏ်ရည်ချင်းမတူကြပါဘူး၊ အရှင် ကောဏ္ဍည(ကွန်ဒင်ညလို့ အသံထွက်ပါတယ်) တစ်ပါးသာ ဓမ္မစကြာဒေသနာအဆုံးမှာ သောတာပန် ဘဝ နဲ့ ဧဟိဘိက္ခု အခေါ်ခံရပြီး ရဟန်းဘဝရောက်ပါတယ်။ အရှင် ဝပ္ပ က ဝါဆိုလပြည့်ကျော် ၁ရက်နေ့ ၊အရှင် ဘဒ္ဒိယက ၂ရက်နေ့ ၊အရှင် မဟာနာမ် က ၃ ရက်နေ့ ၊အရှင် […]