ဂ်စ္စူDecember 17, 20101min872
စစ်အစိုးရကကျင်းပခဲ့တဲ့ ၂၀၁ဝ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ နိုင်ငံရေးပါတီ တော်တော်များများဟာ ပါတီရေရှည်ရပ်တည် နိုင်ရေးအတွက် စီးပွားရေးလုပ်ဖို့ ပြင်ဆင်လာကြပါတယ်။ မြန်မာပြည်ရဲ့ လက်ရှိ အခြေအနေအရ အရင်ခေတ်တွေကလို နိုင်ငံရေးပါတီတွေအနေနဲ့ အလှူငွေနဲ့ရပ်တည်ဖို့ မလွယ်ဘူးနိုင်ဘူးလို့ ရွေးကောက်ပွဲဝင်ခဲ့ကြတဲ့ ပါတီတွေက ပြောဆိုပါတယ်။ ပြီးဆုံးသွားတဲ့ ရွေးကောက်ပွဲမှာ ၅ရ နေရာ အနိုင်ရခဲ့တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီကလည်း ပထမဆုံးအကြိမ် ညီလာခံခေါ်ယူပြီး စီးပွားရေးလုပ်ဆောင်ဖို့ကို ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ အသေးစိတ်ကိုတော့ ပါတီတွေနဲ့ ဆက်သွယ်မေးမြန်းထား တဲ့ မနန္ဒာချမ်းက တင်ပြထားပါတယ်။ ကျားဖြူပါတီလို့ လူသိများတဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီကနေ ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ ၃ ရက်ကြာပြုလုပ်တဲ့ ပထမဆုံးအကြိမ် ညီလာခံမှာ အချက် ၅ ချက်ကို ချမှတ်ခဲ့ပြီး ဒီအထဲမှာ ပါတီရေရှည် ဆက်လက် ရပ်တည်နိုင်ရေး […]