ဆူးNovember 7, 20101min2349
ဗုဒ္ဓေါရသ အရှင်ဣန္ဒာစရိယ ဗောဓိရိပ်ငြိမ်တောရ (မှော်ဘီ) ၏စာစုများ ပါလာပြီးသားပါ.. ပါလာမှာလား “နမောတဿ ဘဂဝတော အရဟတော သမ္မာ သမ္ဗုဒ္ဓဿ“ ကမ္မုနာ ဝတ္တတိ လောကော၊ ကမ္မုနာ ဝတ္တိ ပဇာ။ ကမ္မနိ ဗန္ဓနာ သတ္တာ၊ ရထဿ ဏီဝ ယာယတော။ သတ္တလောကကြီးဟာ ကံကြောင့် ဖြစ်ရတယ်။ သတ္တဝါတွေဟာလည်း ကံကြောင့် ဖြစ်နေရတယ်။ သတ္တဝါတို့ကို ကံတို့သည် သွားနေသော ရထားလှည်း နားစောင့်ကံ့သို့ ဖွဲ့ချည်ထားပါသည်။ ကုသိုလ်ကံကြောင့် ကျော်စောသတင်း ပန်းလိုသင်း ရတယ်၊ ချီးမွမ်းခံရတယ်၊ အကုသိုလ်ကံကြောင့် ဆုံးရှုံးပျက်စီးရတယ်၊ သတ်ဖြတ်ညှင့်ပန်း နှိပ်စက်ခြင်း၊ နှောင်ဖွဲ့ခြင်း ခံရတယ်။ အဝိဇ္ဇာ တဏှာမကင်းကြသေးလို့ သံသရာအတွင်း လျှောက်လှမ်းနေသမျှတော့ ကုသိုလ်၊ အကုသိုလ် ခြေလှမ်းတွေ ရောပြွမ်းနေကြရမှာ […]