Yin Nyine NwayAugust 18, 20101min791
၁။ ပုရွက်ဆိတ်တွေ တက်နေပါသလား။ ပုရွက်ဆိတ်တို့သည် သခွားသီးကို မုန်း၏။ ထို့အတွက် ပုရွက်ဆိတ်များလာလျှင် သူတို့လမ်းကြောင်းတွင် သခွားသီးခွံများ ပစ်ချထားလိုက်ပါလေ။ ၎င်းတို့သည် ကြိမ်ဆဲကာ အဝေးသို့ထွက်ပြေးသွားပါလိမ့်မည် (လို့ပြောပါသည်)။ ၂။ အမှုန်အမှိုက်များ လုံးဝကင်းစင်သော ရေခဲတုံးကလေးများ အလိုရှိပါသလား။ ရေခဲသေတ္တာထဲ မထည့်မီ ရေကို အရင်ကြိုလိုက်ပါ (တဲ့)။ ဆိုလိုသည်မှာ ရေကျက်အေးကို ရေခဲတုံးလုပ်ပါ။ ၃။ ကြည့်မှန်ကို လုံးဝ ကြည်လင်နေစေလိုပါသလား။ မှန်ကို အရက်ပျံဖြင့် ပွတ်ပေးပါ (တဲ့)။ ၄။ အကျႌမှာ ပီကေတွေပေလာလို့ ကလေးကို ရိုက်မလို့လား။ မရိုက်ပါနဲ့ဗျာ။ အဲဒီအကျႌကို ရေခဲသေတ္တာထဲ တစ်နာရီလောက် ပစ်ထည့်ထားလိုက်ပါ။ အိုကေမှာ စိုပြေသွားပါလိမ့်မယ် (တဲ့)။ ၅။ အစ်ကိုတို့ရဲ့ ရှပ်အကျႌအဖြူလေးတွေကို ဖြူဖွေးတောက်ပြောင်သွားစေလိုပါသလား။ အကျႌ ကို […]