kaiAugust 29, 20111min1056
ကျွန်တော် အထက်တန်းပညာသင်ယူခဲ့သော ကြို့ပင်ကောက်မြို့ အထက်တန်းကျောင်းဟာ ရန်ကုန်-ပြည် မီးရထားလမ်း၏ အရှေ့ဖက်မှာရှိပါတယ်။ ကျောင်းရဲ့ အေ့ရှဖက်မှာတော့ ရှမ်းကွင်း ဘုန်းကြီးကျောင်းနှင့် တိုက်ကျောင်းပါဠိတက္ကသိုလ်ဟူ၍ ရှိပါသည်။ တိုက်ကျောင်းပါဠိ တက္ကသိုလ်တွင် စာသင်သားသံဃာတော် အပါး ၁၀ဝခန့်ရှိပါတယ်။ အခု အမေရိကပြည်ထောင်စု ကယ်လီဖိုးနီးယား ပြည်နယ် HALF MOON BAY ဟမွန်းဘေးကျောင်းမှာ သီတင်းသုံးနေတဲ့ ဆရာတော် ဦးဇောတလင်္ကာရ ဟာလည်း ၎င်းစာသင်သံဃာတော်များထဲမှ တစ်ပါးဖြစ်ပါတယ်။ ကြို့ပင်ကောက်မြို့ လူထုကလည်း သံဃာတော်များကို ဆွမ်းကွမ်းမပြတ်လောင်းလှူ ကြပြီး၊ သံဃာတော်များကလည်း ဗုဒ္ဓစာပေများကို အပါတ်တကုတ် ကြိုးစားကြပါတယ်။ သံဃာတော်များဟာ ဗုဒ္ဓစာပေများကို လေ့လာကြရုံမျှမက ရပ်ကွက်သန့်ရှင်းရေး၊ ရေတွင်းရေကန် တူးဖော်ရေး စသော လူမှုရေးကိစ္စအဝဝကို ကူညီကြပါတယ်။ အရပ်ထဲမှ လူတစ်ယောက်နေမကောင်း၍ သွေးလိုပြီဆိုရင် တိုက်ကျောင်းပါဠိတက္ကသိုလ်သို့သာလာခဲ့ သံဃာတော်တွေထဲက […]