nigimi77February 18, 20111min943
ဖွံ  ့ဖြိုးတိုးတက်မှု မရှိသေးသော မြန်မာနိုင်ငံတွင်  သဘာဝ သယံဇာတပေါများခြင်း၏ အကျိုးကျေးဇူးကို နိုင်ငံသားများမှ ခံစားနိုင်သည့် အခွင့်အရေးမရှိလာခဲ့ပေ။ ထို ့ကြောင့်  လုပ်သားအင်အား လုပ်အားဝင်ငွေဖြင့် နိုင်ငံသားများ  ကြိုးနီစနစ်ကြားမှ ရုန်းကန် လှုပ်ရှားနေဆဲဖြစ်သည်။ မြန်မာနိုင်ငံ၏ အလွန် ဈေးသက်သာလှသော လုပ်အားခသည် လုပ်ငန်းရှင်များအတွက် မြန်မာနိုင်ငံတွင် ရင်းနှီးမြုတ်နှံရန် အကြောင်းရင်းတရပ်ဖြစ်စေသော်လည်း တဖက်မှကြည့်လျင်    (၁) ခိုင်မာသော ကျွမ်းကျင်လုပ်သားရှားပါးမှု၊  (၂) ပြီးပြည့်စုံသော လုပ်ငန်း အဆောက်အဦ နည်းပါးမှု၊  (၃) အလုပ်ရွှေ  ့ပြောင်းမှုအား တည်ငြိမ် စေအောင် ထိမ်းသိမ်းနိုင်မည့် မြင့်မားသော(သို ့) လုံလောက်သော လစာငွေအား ပေးရန် ခက်ခဲမှု၊  (၄) အဓိက ကျသော လျှပ်စစ်ဓါတ်အား စက်မှု လုပ်ငန်းများသို ့ အချိန်ပြည့် […]


nigimi77February 17, 20111min873
တနည်းအားဖြင့်ဆိုသော် ငွေကြေးသာရှိသော်လည်း ဦးဏှောက်အား အသုံးမချလိုသော လူချမ်းသာ များ အုပ်စိုးသော စီးပွားရေး လည်ပတ်မှုသည်၊ အချိန် အတိုင်းအတာ တခုအတွင်း ဆိုင်းမဆင့် ဗုံမဆင့် ပြိုလဲကျနိုင်သည်။  မည်သည့်အရာကိုမျှ နိုင်ငံတွင်းတွင် ပြီးပြည့်စုံစွာ ထုတ်လုပ်နိုင်ခြင်း မရှိပဲ Assembled သာပြုလုပ်နိုင်သော ကုန်ထုတ်လုပ်ငန်းများသည်လည်း ထိုက်သင့် သလောက်အကျိုးပြုခြင်း မရှိပေ။ ယခင်က နိုင်ငံတကာ အထည်ချုပ် လုပ်ငန်းရှင်များသည် တရုပ်နိုင်ငံ၏ ကြီးမားကျယ်ပြန် ့ပြီး ဈေးနှုံးသက်သာသော လုပ်အားခကြောင့် တရုပ်နိုင်ငံတွင် အလုံးအရင်းနှင့် ရင်းနှီး မြုတ်နှံကြသည်။ ထိုမှ တဆင့် ယခု အခါ တရုပ်နိုင်ငံသည် နေ ့ချင်းညချင်း တိုးတက်လာပြီး စီးပွားရေး အင်အားကြီး နိုင်ငံတခုဖြစ်လာနေသည်အား မည်သူမှ မငြင်းနိုင်ပေ။ တိုးတက်လာမှု အလျောက်ပြောင်းလဲလာသော လူအဖွဲ […]


nigimi77February 17, 20111min16110
မြန်မာပြည် အထည်ချုပ် လောကနှင့် ပတ်သပ်သော အမြင်အား တင်ပြခြင်းဖြစ်သည်။ မည်သူမဆို လိုအပ်ချက်အားဖြည့်စွက်နိုင်သည်။  ပညာရှင်ဆန်သော ကိန်းဂဏန်း ခုနှစ် အတိအကျဖြင့်ဖော်ပြမည်မဟုတ်ပါ။ မြန်မာနိုင်ငံတွင် အမေရိကန်၏ စီးပွားရေး ပိတ်ဆို ့မှု ဖြစ်ပွားပြီးနောက်ပိုင်းတွင် အထည်ချုပ် လုပ်ငန်းအား ဆက်လက် လုပ်ကိုင်သူ လွန်စွာနည်းပါးသွားသည်။  တဖြည်းဖြည်း ပြန်လည် နလံထူလာသော်လည်း ယနေ ့ အချိန် အထိ အရေအတွက် အားဖြင့် လက်ချိုးရေတွက်နိုင်သည်။ အထည်ချုပ်လုပ်ငန်းသည် အခြေံလူတန်းစား တို ့အတွက် အလွန်ပင် အားထားရသော အလုပ်အကိုင်တခုဖြစ်သည်။ အဆိုပါလုပ်ငန်းများတွင် လုပ်ငန်း ကြီးမားလျင် ကြီးမားသည့် အလျောက် ဝန်ထမ်းဦးရေထောင်ချီပြီးရှိသည်။  ပညာ မတတ်သော်လည်း စက်ချုပ်တတ်လျင် လူတိုင်းလုပ်ကိုင်နိုင်သော အလုပ်ဖြစ်သောကြောင့် အတန်းပညာ ပြီးဆုံးသည် အထိ သင်ကြားရန် […]