မေလ(၂)ရက်နေ့မှာ ထူးထူးခြားခြား ပိတောက်တွေပွင့်ပြန်ပါပြီ။ အမေစုရွေးကောက်ပွဲဝင်ဖို့ အချိန်တုံးကလည်း အမေခြံထဲက ပိတောက်ပင်ကြီးမှာ ပိတောက်တွေပွင့်ပါတယ်။ အတိတ်ကောင်းနိမိတ်ကောင်း လို့မြန်မာလူမျိုးများကယူဆကြပါတယ်။တကယ်လည်း မြန်မာလူမျိုးတို့ရဲ့ တန်ဖိုးထားသော မင်္ဂလာပန်းလည်းဖြစ်ပါတယ်။ လွန်ခဲ့သော (၂၂)နှစ်က ဆရာကြီးမင်းသုဝဏ်ရဲ့ ကဗျာလေးကို သတိရမိပါတယ်။ ငုနဲ့ပိတောက် နွေမှာလှိုင်သည်၊ စုနဲ့ခမောက် မေမှာနိုင်မည်။ မူရင်းလင့်က…ဒီမိုဝေယံကရပါသည်။ ရွာထဲမှာ မအိက ပိတောက်တစ်ခိုင်တင်ထားတာတွေ့လို့ နောက်ဆက်တွဲအနေနဲ့တင်ပေးလိုက်တာပါ။ အလှထူးပါဘိ လတန်းခူးရယ်မှ ထိန်ထိန်ဝါ… ဘယ်နှယ့်ကြောင့် ကဆုန်မှာ ထိန်ထိန်ဝါ… သင်္ကြန်မှာ မိုးကမရွာ…ကဆုန်မှာမှ ကိုရွှေမိုးကရွာ… သကြားမင်းတောင် ဆင်းလို့ကြိုတာ မေလ(၂)ရက်နေ့မှာပါ။ ကြိုက်ကြိုက်မကြိုက် ကိုက်ကိုက်မကိုက်ကိုက် ကာရံလည်း လိုက်လိုက်မလိုက်လိုက် ကိုယ်ဘာသာကိုယ် ရေးချင်သလိုရေးလိုက်တဲ့… ကဗျာတပိုဒ်… ဆြာ့၊ဆြာ၊ဆြာကြီးများအား လေးစားခင်မင်လျှက်… ဇော်မင်း…