မောင်ဆန်းDecember 14, 20117min33928
မိုးပျံပူဖောင်း မစီးဖူူးခင်က စိတ်ကူးထဲမှာ သူတို့ဘယ်လိုပျံကြသလဲဆိုတာ တွေးပြီး စိတ်ကူးထဲမှာ လိုက်စီးကြည့်ဖူးတယ် ၊ ပူဖောင်းနဲ့ ပတ်သက်လို့ ဘယ်လိုတက်လဲ ဘယ်လိုကွေ့လဲ ဘယ်လိုဆင်းလဲ ကိုယ်သွားချင်တဲ့နေရာ ရောက်အောင် ဘယ်လိုများ ထိန်းကျောင်းမောင်းနှင်သလဲ ၊ လူဘယ်နှစ်ယောက် စီးလို့ရလဲ သိချင်မိတာတွေက အများသားရယ် ၊ ကျွန်တော်သိချင်သလို ရွာသားတွေလဲ သိချင်ကြလိမ့်မယ် လို့ ထင်ပါတယ် ၊ ကျွန်တော် မေးမြန်းစပ်စုခဲ့သမျှတွေ ရွာသားတွေကို ပြန်မျှဝေမယ်နော်…. မြန်မာပြည်မှာ မိုးပျံပူဖောင်း စီးလို့ရတာ ဆယ်စုနှစ်တစ်ခုကျော်ပါပြီ ပတ်ဝန်းကျင် နိုင်ငံတွေထဲ မှာတော့ အရေအတွက် အများဆုံး ပျံသန်းနိုင်တဲ့ အနေအထားမှာ ရှိပါတယ် ထိုင်းမှာဆို ပူဖောင်းအသေးနှစ်လုံးလောက်ပဲ ရှိတယ် ကမော္ဘဒီးယားက အန်းကောဝတ် မှာ မြန်မာပြည်မှာ ပျံနေတဲ့ free balloon […]


မောင်ဆန်းDecember 12, 20117min25125
  “ မြန်မာမှန်ရင် ပုဂံကို ရောက်ဖူးရမယ်တဲ့ ”  ကြားဖူးတဲ့ စကားလေးတစ်ခုပါ ၊ ဘာကြောင့်ပဲ ရောက်ရောက် ဘာလူမျိုးပဲ ရောက်ရောက် ရောက်ဖူးတဲ့ လူတိုင်းအတွက် ရှေးမြန်မာတွေရဲ့ ကျိုးစားမှု ၊စည်းလုံးမှု ၊ ယဉ်ကျေးမှု ၊ဘာသာတရားကိုင်းရှိုင်းမှု ၊သဘာဝတရား အပေါ် ခံစားတတ်မှုနဲ့ အနုပညာလက်ရာတွေကို တဝကြီးခံစားနိုင်ကြမှာပါ ….. နောက်ဆုံး ရောက်ခဲ့တာ ၁ဝ နှစ်ကျော်ခဲ့ပေမဲ့ မြင်ကွင်းတွေ များများ မပြောင်းလဲသေးသလို မြို့ နဲ့ ဒေသခံတွေရဲ့ ရင်းနှီး နွေးထွေးစွာ ကြိုဆိုမှုကလဲ အရင်အတိုင်းပါပဲ ၊ မြန်မာတွေအားလုံးရဲ့ ပုဂံ ၊ မြန်မာတွေ သိပြီးသား ပုဂံ မို့ မြို့အကြောင်း အထူးရည်ညွှန်းပြု တင်ပြစရာ မလိုတာမို့ ရောက်ခဲ့ တဲ့ […]