Ma EiMay 16, 20121min32040
အာလူးချောင်း ပုဇွန်ကြော် နဲ့ ပုဇွန်ဆီပြန်ချက် ကလေး…   MG ရွာသူ ရွာသားများအတွက် အာလူးချောင်း ပုဇွန်ကြော်လေး အရင်တင်ပေးပါမယ်… ပါဝင်ပစ္စည်းတွေကတော့… 1.ပုဇွန် 2.အာလူးချောင်း 3.ရွှေလိပ်ပြာ အကြော်မှုန့် 4.ကြက်ဥ စသည်တို့ဖြစ်ပါတယ်…   ကြော်ပုံ အဆင့်ဆင့်ကတော့ ဒီလိုပါ… ပုဇွန်တွေကို အမြီး တစ်ဆစ်ချန်ပြီး အခွံခွာ၊ ကျောခွဲပြီး အစာကြောင်းထုတ် ဆား နနွင်း နယ်ထားပါ… ကြက်ဥ အကာရည်ထဲကို ရွှေလိပ်ပြာ အကြော်မှုန့် အနည်းငယ်ထဲ့ ခေါက်ပြီး ပုဇွန်လေးတွေနှစ်လို့ ဆီပူပူမှာ ရွှေညိုရောင်သမ်းလာအောင်ကြော်ပေးပါ… အာလူးကို အခွံခွာ မထူမပါးလှီးပြီး ဓားအတွန့်လေးနဲ့ အချောင်းတွန့်လေးတွေဖြစ်အောင်လှီးပါ… သူ့ကိုလဲ ဆီပူပူမှာ ကြွပ်အောင်ကြော်လိုက်ပါတယ်… အားလုံးပြီးရင် ဆီစစ်ထားပြီး ပန်းကန်လေးထဲ အလှဆင်လိုက်ရင် စားချင်စရာ အာလူးချောင်း […]