မမေလးOctober 10, 20101min1091
ယခုခေတ်ကာလတွေမှာ လူငယ်စုံတွဲလေးများပြားလာတဲ့အတွက် သူတို့လေးတွေ နှောင်တစ်ချိန်တရားဝင်အကြင်လင်မယားတွေဖြစ်ကြဖို့ အတွက်လိုအပ်တဲ့အင်္ဂါရပ်အချို့မှာတော့ (၁)ယောကျာ်းလေးဟာ အိမ်ထောင်ပြုဖို့အတွက် ကျန်းမာသန်စွမ်းရမယ်။(အသက်ကန့်သတ်ထားခြင်းမရှိပါ) (၂) မိန်းခလေးဟာ မုဆိုးမ (သို့)တစ်ခုလပ်မဟုတ်ရင် အသက်(၂၀)ပြည့်ရမယ်။ (တစ်ကယ်လို့အသက်(၂၀)မပြည့်သေးရင် မိဘ ဒါမှမဟုတ် အုပ်ထိ်န်းသူတို့ ရဲ့သဘောတူူညီမူကို ရယူဖို့လိုပါတယ်) (၃) ကောင်လေး ရော ကောင်မလေးရော သူတို့ နှစ်ဦးစလုံးရ လွတ်လပ်တဲ့သဘောဆန္ဒလိုပါတယ်။ (တစ်စုံတစ်ဦးရဲဖြားယောင်းသွေးဆောင်မူ၊ခြိမ်းခြောက်မူကြောင့်လက်ထပ်ဒါမဖြစ်ရဘူးပေါ့။ ဒါပေမဲ့ကောင်လေးက ကောင်မလေးတစ်ယောက်ကို လက်ထပ်ပါမယ်လို ယုံကြည်အောင်ပြောဆိုပြီး ကာမကိုရယူခဲ့ မယ်ဆိုရင် ပြစ်မူဆိုင်ရ ဥပဒေပုဒ်မ-၄၁ရ အရပြစ်မူမြောက်ပါတယ်) (၄) လက်ထပ်မဲလူ နှစ်ဦးစလုံး ဒါမှမဟုတ် တစ်တစ်ဦးက စိတ်ပေါသွပ်သူတွေမဖြစ်ရဘူူး။ (လက်ထပ်ခြင်းဟာ တစ်ဦးနဲ့တစ်ဦးပဋိဉာဏ်ပြုဒါကြောင့် ပဋိဉာဏ်ဥပဒေအရအရူးတွေကို ပဋိဉာဏ်ပြုဖို့ ပိတ်ပင်ထားပါတယ်) (၅) မိန်းခလေးမှာ တရားဝင်လင်ယေကျာ်းမရှိရဘူး။ ဘာလို့လဲဆိုတော့ အဲ့ဒီမိန်းခလေးရဲ့ တရားဝင်လင်က သူမိန်းမကိုယူတဲ့ ယေကျာ်းကို […]