တစ်သက်လုုံးမှာ ပုုဂံကိုုနှစ်ခါပဲရောက်ဖူးပါတယ်။  ခပ်ငယ်ငယ်အရွယ်က ပထမဆုုံးအကြိမ် ရောက်တုုန်းက အရမ်း ဂုုဏ်ယုူ သဘောကျပြီးပြန်လာခဲ့ပါတယ်။ နှစ်တော်တော်ကြာပြီး မနှစ်ကဒုုတိယအကြိမ်  ရောက်တော့ အတော်စိတ်ပျက်ပြီး ပြန်လာခဲ့ရပါတယ်။ စိတ်ထဲကမှတ်မိတဲ့ ပုုဂံနဲ့လဲ မတူပါလား။   ၁၅ နှစ်အတွင်း ပုုဂံကပဲပြောင်းလဲသွားလိုု့လား ကိုုယ်ပဲပြောင်းသွားလိုု့လား။ အဖြေရှာမရတဲ့ စဉ်းစားစရာ တချို့  ကိုု ရွာကလူတွေနဲ့  ဆွေးနွေးရအောင်လိုု့ ဒီပိုု့စ်လေးကိုုဖတ်ပြီး ဆွေးနွေးပေး ကြပါ။   ငယ်ငယ်ကလှည်းစီးပြီး သွားခဲ့ဖူးတဲ့ “လှည်းဝင်ရိုုးသံတညံညံပုုဂံဘုုရားပေါင်း” ကအခုုတော့ Tour bus တွေနဲ့ ပြည့်နေတဲ့  “ကားဝင်ရိုုးသံတညံညံပုုဂံဘုုရားပေါင်း” ဖြစ်နေပါပြီ။ ကျွန်မတိုု့ မမွေးခင် ဟိုုးအရင်ကတည်းက tourists တွေရှိတာမလွဲပါ။ Tour bus တွေဒီလောက်မများလိုု့လား ကလေးမိုု့ သတိမထားမိတာလားမပြောတတ်ပါ။  ဂျူးရဲ့  “မြစ်တိုု့၏မာယာ”  ထဲကလိုုစက်ဘီးနဲ့ သွားတဲ့ tourist တစ်ယောက်မှမတွေ့ခဲ့တဲ့အပြင် စာအုုပ်ထဲကလိုု သေချာအလေးအနက်ထားပြီးလေ့လာတဲ့ […]