ရန်ကုန်မြို့တော်အား ရေဖူလုံစွာ ပေးဝေနိုင်မည့် စီမံကိန်းအား ဂျပန်နိုင်ငံမှ ငွေကြေးချေးယူ ဆောင်ရွက်မည်ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၂၃၈ သန်းကျော်အား အတိုးနှုန်း ဝ ဒသမ ဝ၁ ရာခိုင်နှုန်းဖြင့် ချေးယူဆောင်ရွက်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က ပြောကြားသည်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် JICA တို့ ပူးပေါင်းအကောင်အထည်ဖော်မည့် Greater Yangon Water Improvement Project အား ODA ချေးငွေဖြင့် ဆောင်ရွက်မည်ဖြစ်ပြီး ဂျပန်အစိုးရထံမှ ချေးငွေဂျပန်ယန်းငွေ ၂၃ ဒသမ ၆၈၃ ဘီလျံ (အမေရိကန်ဒေါ်လာ ၂၃၈ ဒသမ ၇၄၁ သန်း) ရယူမှာ ဖြစ်ပါကြောင်း၊ အတိုးနှုန်း အနေဖြင့် ဝ ဒသမ ဝ၁ ရာခိုင်နှုန်းကို ဆိုင်းငံ့ကာလ ၁ဝ […]