n112121818800962_48871.jpg

Mg OggaJuly 2, 20101min450
ဒီ Mandalay Gazette မှာ ကျွန်တော်တို့ ပုံပြောသူများအဖွဲ့ ကိုစိတ်ဝင်စားသူများ ရှိကြလို့ ဝမ်းသာပါတယ် အခု ပုံပြောသူများအဖွဲ့ရဲ့ စိတ်နေစိတ်ထားနဲ့ အခြေအနေလေးကို ကျွန်တော်တို့ ပုံပြောသူများ အဖွဲ့မှ မချမ်းငြိမ်းဖြူ က ခံစားရေးသားထားတာကို တင်ပြလိုက်ပါတယ် လမ်းမှာပေါ်မှာ လူငယ် ၁ဝ ယောက်လောက် လမ်းလျှောက်နေကြသည်။ အဝေးမှ ကြည့်လျင် တော်တော် ဆော့တဲ့ အဖွဲ့လို့ ထင်လိမ့်မည်။ သူတို့ အဖွဲ့ သည် ပူပြင်းလှသည် မတ်လနေရောင် အောက်မှာ အပြုံးမပျက် လမ်းလျှောက်နေကြသည်။ သူတို့ အဖွဲ့တွင့် လမ်းပေါ်တွေသမျှကို ခြေထောက်ဖြင့် လိုက်ကန်နေတဲ့သူပါသည်။ ဂစ်တာကြီးကို ကို့ရို့ကားယား လွယ်ပြီး လမ်းလျှောက်ရင်း ဂီတာတီးသူပါမည်။ ထိုသူတီးသမျှကို အပေါက်လမ်း မတည့် လိုက်ဆိုသူ နှစ်ယောက်လောက် ပါမည်။လွယ်အိတ်စုတ်ကြီး […]

n112121818800962_4887.jpg

Mg OggaJuly 2, 20101min530
ကျွန်တော်တို့ ပုံပြောသူများ အတွက် ဆောင်ပုဒ်တစ်ခုလောက်ပေးဖို့စဉ်းစားကြတယ် ဘာပေးရင်ကောင်းမလဲပေါ့ နောက်ဆုံးတော့ Save our folk tales Save our nation ဆို်ပြီးပေးဖြစ်တယ်။ နဲနဲများကြီးကျယ်နေသလားလို့ထင်မိတယ်။ တကယ်တန်းတော့ မကြီးကျယ်လှဘူး ရိုးရာပုံပြင်တွေကို ထိန်းသိမ်းကြတာ မျိုးနွယ်ကိုစောင့်ရှောက်သည်လည်း မည်သည် နိုင်ငံကိုစောင့်ရှောက်သည်လဲ မည်သည် မျိုးချစ်စိတ်ကို တိုးတက်မြင့်တင်ပေးသည်လည်း မည်သည်။ ဘာကြောင့် ဒီလိုပြောရတာလဲဆိုတော့ အခုခေတ်အခုအခါမှာ ခေတ်မှီတိုးတက်လာတာနဲ့ အတူ ယဉ်ကျေးမှုစံနှုန်းတွေပါ ပျောက်ကွယ်လု နီးပါးဖြစ်နေပါပြီ။ မြို့ပြဘဝ နီယွန်မီးသီးများအောက်မှာ ရိုးရာပုံပြင်တွေ ကျွန်တော်တို့ ဗမာယဉ်ကျေးမှု စံနှုန်းတွေပါ ပျော်ကွယ်မေ့လျော့နေကြပါပြီ။ ကျွန်တော်ငယ်ငယ်ကဆို ဘကြီးရဲ့ ၅၅ဝနိပါတ်တော် တွေ မေမေပြောပြတဲ့ အိပ်ရာဝင်ပုံပြင်လေးတွေ နဲ့ ကြီးပြင်းလာခဲ့တာပါ။ အခုကလေးတွေကြပြန်တော့ တီဗီဂိမ်းနဲ့ ကိုရီးယားကားတွေကြားပျော်မွေ့နေတာကို တွေရတော့ စိတ်မကောင်းဖြစ်မိတယ် သူတို့လေးတွေ […]