lu ta loneMay 14, 20101min1228
အပိုင်း (၁) တစ်ခါက အင်္ဂလိပ်၊ ပြင်သစ်၊ တရုတ် လူမျိုး(၃)ဦးသည် သဲကန္တာရ တစ်ခုတွင် ခရီးအတူ သွားကြသည်။ တစ်နေရာ ရောက်သော် ပုလင်းတစ်လုံးကို တွေ့သည်။ ပုလင်းအဖုံးကို ဖွင့်လိုက်သောအခါ ထိုပုလင်းကို စောင့်သော နတ်သား တစ်ပါး ထွက်လာသည်။ (အာလာဒင်ပုံပြင် မဟုတ်ပါ) နတ်သားက တစ်ယောက်စီ ကြိုက်နှစ်သက်ရာ ဆန္ဒ(၃)မျိုးကို တောင်းဆိုစေသည်။ ပထမဦးစွာ အင်္ဂလိပ်လူမျိုးက “ကျွန်တော်မျိုး ပိုက်ဆံအများကြီး လိုချင်ပါတယ်” “ဒုတိယ ဆန္ဒကရော” ” ပိုက်ဆံတွေ ထပ်လိုချင်သေးတယ်” “တတိယ ဆန္ဒကရော” “ကျွန်တော်မျိုးကို နေရပ်ကို ပို့ပေးပါ” သို့နှင့် အင်္ဂလိပ်လူမျိုးမှာ ငွေထုပ်ကို ပိုက်ပြီး မိမိနိုင်ငံကို ပြန်သွားရသည်။ တဖန် ပြင်သစ်လူမျိုးက ” ကျွန်တော်မျိုး မိန်းမလှလှလေး […]