Ma EiMay 15, 20155min27517
ရုံးက Ticketing Manager နဲ့ ပဲခူးသူလေး မင်္ဂလာဆောင်တာ  ပဲခူးမှာမို့ မင်္ဂလာဧည့်ခံပွဲ သွားကြတဲ့ ဆွေမျိုး မိတ်သင်္ဂဟ များကို ပဲခူးဘုရားစုံ လိုက်ပို့ပါတယ်…တစ်ရက်ခရီးဆိုတော့ မပင်ပန်းဘဲ ဘုရားလဲဖူး ဈေးဝယ် ပျော်ရွှင်စရာ ခရီးစဉ်လေးဖြစ်ခဲ့ရပါတယ်… ရွှေဂူလေးဘုရားဈေးတန်းမှာ ငါးချဉ်ဝယ်ပါ.. ဆိုင်တိုင်းလိုလို အမြည်းသုပ်ကျွေးထားတာမို့ မြည်းစမ်းလို့ နှစ်သက်ရာ ဝယ်ယူနိုင်ပါတယ်..အသီးရွက်တွေလဲ လတ်ဆတ်လွန်းလို့ အများကြီးဝယ်ဖြစ်ကြမှာပါ… ဘုရားတွေအများကြီး ဖူးခဲ့ရပေမယ့် မဖူးခဲ့ရသေးတဲ့ ဘုရားတွေလဲ အများကြီးကျန်နေဦးမှာမို့… ဖူးမကုန် ခဲ့တဲ့ ပဲခူးဘုရားစုံ ခရီးလေးပါ…