ကျနော်တို့ ကွန်မန့်တွေ ပေးကြတဲ့အခါ ပြုံးမဲ့နေတဲ့ ပုံလေးတွေထည့်ဖို့ကတော့ လွယ်ကူပါတယ်။ ကျနော်တို့ တကယ့် ပုံကို ထည့်ချင်တဲ့အခါကျတော့ ထည့်လို့မရပါဘူး။ ထည့်လည်း မထည့်တတ်ပါဘူး။ ဒါနဲ့ ပတ်သက်ပြီး “သဂျီးကို စိတ်ဆိုးနေသည်” ဆိုတဲ့ ပို့စ်နဲ့ သဂျီးကို အတိအလင်း မေးခဲ့ပါတယ်။ အဲဒီမှာ သဂျီးက အကျိုးသင့် အကြောင့်သင့် ပြောပြသင့်ပေမယ့် မပြောခဲ့ပါဘူး။ အင်တာနက် ဝက်ဘ်ဆိုက်တွေထဲမှာ ပုံထည့်ချင်တဲ့အခါ သူ့ရဲ့ code က <img src=”ပုံရဲ့တည်နေရာ(URL)”> ဖြစ်ပါတယ် …။ အစ ပထမက ကျနော် ဒီ code နဲ့ ကွန်မန့်ထဲမှာ ထည့်ပြီး မန့်ကြည့်ခဲ့တယ်။ သို့ပေသိ ပုံက ပေါ်မလာပါဘူး။ အလျဉ်းသင့်တုန်း ပြောရရင် ကိုယ့်ရဲ့ ကွန်မန့်ထဲမှာ စာလုံးကို […]