manawphyulayNovember 1, 20121min19916
လူရယ်လို့ ဖြစ်လာသည်နှင့်အမျှ အရွယ်ရောက်တဲ့အချိန်တွင် အလုပ်ဆိုတာနဲ့ ကြုံဆုံကြမည်မှာ လူသား တိုင်းပင် ဖြစ်ပါတော့သည်။ အရွယ်ရောက်သော လူတစ်ယောက်တွင် အလုပ်ဆိုသည့်အရာနဲ့ ထိတွေ့ရမှာ ကတော့ ဓမ္မတာပင် ဖြစ်ပါသည်။ ယခုနည်းပညာတိုးတက်လာသောခေတ်တွင် လူငယ်တိုင်း အလုပ်ကိုယ်စီ ရှိကြဖို့ အလိုအပ်ဆုံးပင် ဖြစ်ပါသည်။ အလုပ်အကိုင်နှင့်ပတ်သက်၍ ကမ္ဘာမှာ အပြောင်းအလဲတွေ ရှိလာနေ သည်။ ကျွမ်းကျင်မှု အခြေခံမှာ အသိပညာ အခြေခံဘက်သို့ နေ့ချင်း ညချင်းဆိုသလို ပြောင်းလဲလာနေသည်။ အတိတ်ကာလနှင့် အဆက်အစပ်ကင်းသော တသီးတသန့် ဖြစ်ထွန်းလာခဲ့သည်လို့ ဆိုနိုင်ပေသည်။ ရှေးက ထုတ်လုပ်သူက သူ့စိတ်ကူးနှင့် သူ ထုတ်လုပ်တာကို စားသုံးသူက သုံးကြရသည်။ ယခုတော့ ဒီလို မဟုတ်တော့ပေ။ ဘယ်သူတွေ ဘာတွေသုံးသလဲဆိုတဲ့ စစ်တမ်းကောက်ယူမှုအပေါ် မူတည်ပြီး ပြုပြင် ဖန်တီးမှုများနဲ့ တီထွင်လာကြသည့် […]