kaiAugust 27, 20101min1048
စာရေးသူ(၁၉-၈-၂၀၁၀) နေ့က တောင်ပြုန်းပွဲတော်အစရက် ဒုတိယနေ့မှာရောက်ခဲ့ပါတယ်။ မနေ့က(၁၈-၈-၂၀၁၀)နေ့ကစပြီး ပွဲတော်ကိုစတင်ဖွင့်လှစ်ကြောင်း သတင်းရရှိခဲ့ပါတယ်။ ယနေ့ဒုတိယနေ့မှာတော့ တောင်ပြုံးမင်းနှစ်ပါးရဲ့ နန်းကြီးမှာ ကြိုတင်ပြီးလာရောက်ဆက်သသူများ စည်ကားနေတာကိုတွေ့မြင် ရပါတယ်။နတ်ပွဲများကတော့ (၂၁-၈-၂၀၁၀)နေ့မှ စတင်မည်ဖြစ်ကြောင်း ယခုနှစ်သည် (၁၃၇၂)ခုနှစ် စုံနှစ်ဖြစ်၍ မင်းလေးပွဲတော်ဟု ပြောဆိုကြပါတယ်။ နန်းကြီးရဲ့ ဘေးပတ်ပတ်လည် ကန္နားခန်းနေရာများက အနံ(၃)တောင်x အလျှား(၄)တောင် ခန့်အကျယ်တစ်နေရာစာကို ပွဲတော်အစ အဆုံးငွေကျပ်(၄၀၀၀၀) လေးသောင်းပေး ငှါးရကြောင်း နတ်ကတော်တစ်ဦးက ပြောဆိုပါတယ်။ငှက်ပြောသီး ရောင်းသူများထံဈေးနှုန်းမေးကြည့်ပါတယ်။ ငှက်ပြော(၃)ဖီးနှင့်အုန်းတစ်လုံးပါကို ငွေကျပ်(၃၅၀၀)ကျပ် ဖြစ်ကြောင်း။ ပန်း၊အမွှေးတိုင်နှင့် ဗောင်းတော်များ မပါသေးကြောင်းသိရပါတယ်။ ပွဲတော်စည်ကါးတဲ့ရက်တွေမှာ ကန်တော့ပွဲတစ်ပွဲကို( ၅၀၀ဝိ)(၆၀၀ဝိ)ကျပ် အထိဈေးတင်ရောင်းကြကြောင်း သိရပါတယ်။ ကန္နားအခန်းခ များမှာလည်း ယခင်နှစ်တွေထက်ဈေးတက်ကြောင်း နတ်ကတော်များထံမှ ကြားသိရပါတယ်။ တောင်ပြုံး မန္တလေးကားခမှာ ယခင်နှစ်က တစ်ယောက်(၅၀၀) ကျပ်ကနေပြီး ယခုနှစ်(၁၀၀၀)ကျပ်ဖြစ်နေကြောင်း […]