ကို သာAugust 24, 20121min1054
ပြဿနာကဗိုလ်ချုပ်မှူးကြီးဟောင်းသန်းရွှေနဲ့ တိုက်ရိုက် သက်ဆိုင်နေပါပြီလော။ ပြဿနာကတော့~ ပြည်သူ့လွှတ်တော် နဲ့ အခြေခံဥပဒေခုံရုံးတို့ ထိပ်တိုက်တွေ့၊ ပြဿနာ တက်နေကြတာပါ။ လွှတ်တော်ကော်မတီတွေဟာ ပြည်ထောင်စုအဆင့် ဖြစ်တယ်လို့ ပြည်သူ့လွှတ်တော်က ဆိုပါတယ်။ ခုံရုံးကတော့ ပြည်ထောင်စုအဆင့် မဟုတ်ဘူး လို့ ဆိုနေပါတယ်။ ခုံရုံးရဲ့ အသံကတော့ ~ ခုံရုံးက အပြီးသတ်ဆုံးဖြတ်ချက်ကို မတ်လ ၂၈ ရက်နေ့က ချခဲ့ပါတယ်။ (ပဝေသဏီက ဖြစ်ခဲ့တာတွေကို ဒီ ဩဂုတ်လလယ်မှာ ဖော်ထုတ်နေကြတာပါ) ဆုံးဖြတ်ချက် အစအဆုံးကို ဒီနေ့ထုတ် အစိုးရသတင်းစာများမှာ နားနားပြီး ဖတ်ပါ။ ခုံရုံးက နာဂစ်မွှေတုန်း ဝုန်းဒိုင်းကြဲမတတ် စံချိန်တင်ထောက်ခံမှုရခဲ့တဲ့ အခြေခံဥပဒေကို ကိုးကားထားပါတယ်။ နာဂစ်အခြေခံဥပဒေ ဆိုတာ ဗိုလ်ချုပ်မှူးကြီးဟောင်းသန်းရွှေတို့ နှစ်ပေါင်းများစွာ အချိန်ယူပြီး ဆွဲခဲ့တာ ဖြစ်ပါတယ်။ ခုံရုံးက လူကြီးမင်းတို့ရဲ့လက်ရာ […]