fattyOctober 25, 20111min29014
ငါးဆယ်ဒီဘက်စွန်းလာပြီဆိုတော့ နောက်ကြောင်းပြန်လှည့်ကြည့်တဲ့သဘောပေါ့ ……။ ကျနော်အရင်က မြန်မာ့ရုပ်မြပ်သံကြားမှာလုပ်ခဲ့စဉ် အတွေကအကြုံတွေလဲအတော်ရေးခဲ့ပြီ။ တက္ကသိုလ်ကျောင်းသားဘဝအတွဲချောင်းခဲ့ပုံလဲ ရေးပြီးပြီ အီးတုန်းက အတူတူချောင်းခဲ့တဲ့တယောက်အခု ပါမောက္ခတောင်ဖြစ်နေပြီလေ …..။ အော်ဖြတ်သန်းလာခဲ့ရသော ဘဝတွေ …. ဘဝတွေ ….။ အထက်တန်းကျောင်းသားတုန်းက ကျနော်ရယ် ဗိုလ်ကြီးရဲညွန့် ( ယခုနတ်မောက်ကျောင်း ) ပြီးတော့ ဦးမောင်တင် ယခု ညွန်မှုး စက်မှုလယ်ယာ ကျနော်တို့သုံးယောက်သား တစ္ဆေဆိုတာ တွေ့ဘူးချင်လို့ ညဘက်ကြီးသချင်္ိုင်းကုန်းသွားပြီးရှာကြတာ ငယ်တုန်းကတော့ ဘာသိမှာလဲ အရူးထပြီး အကုန်လျှောက်လုပ်တာပေါ့ အဲ အဲဒီအကြောင်းတွေရေးပြီးထင်ပါတယ် …….။ အခုဒီတခါတော့ ကြီးမှ အရူးထပုံရေးချင်လို့ပါ …။ ကျနော် အရက်သမားဖြစ်ခဲ့စဉ်ကဆိုပါတော့ …..။ အရက်သမားဆိုပေမဲ့ ကျနော်က နေ့စဉ်သောက်နေတာတော့မဟုတ်ဘူးဗျ၊ တခါတလေမှသောက်ပါတယ် …။ အဲဒီတခါတလေသောက် ရင်လဲပြသနာမီးထွန်းရှာတတ်တဲ့ကောင်ကိုးဗျ …။ ကျနော်ပြောပြပါရစေအုန်း […]